အခန်း (၇၀)

1.2K 240 20
                                    

Unicode

စုန်မိသားစုတွင်

စုန်ချီမင်က နိုးလာခဲ့ကာ "အ​ဖေ ငါ့ရဲ့ ဒုတိယဦး​လေးက ဘယ်ချိန် ပြန်လာမှာလဲ"

စုန်ဖင်ရှန်းက ထိုအ​ကြောင်းကို ​တွေးရင်း "မကြာခင် ပြန်လာလိမ့်မယ်"

ဒီနှစ်များတစ်​လျှောက် စုန်ဖင်ရှန်းကို ရန်လို​နေသည့် လူ​တော်​တော်များများကို စုန်ဖင်ယွမ်က တိတ်တဆိတ် သတ်ပစ်ခဲ့သည်။ အလားတူစွာပင် စုန်ဖင်ရှန်းကလဲ စုန်ဖင်ယွမ်ကို 'ချီးကျူးဂုဏ်ပြုခြင်း' အ​မြောက်အမြားနှင့် ကမ်းလှမ်းခဲ့သည်။

"ငါ့ရဲ့ ဒုတိယဦး​လေး​လေ သူက တကယ့်ကို တစ်ခုခုပဲ" စုန်ချီမင်သည် ငယ်စဥ်ကတည်းက သူ့ဒုတိယဦး​လေးကို ​အလွန်ယုံကြည်လေးစားခဲ့​ပေသည်။ သူ့အဘိုးက တစ်မိသားစုလုံး၏ အကြီးအကဲဖြစ်​သော်လည်း သူ့ဒုတိယဦး​လေးရှေ့တွင်တော့ ​လေ​သံတောင် မထွက်လာရဲ​ပေ။

ပြီး​တော့ သူ့ဒုတိယဦး​လေးက သူ့အ​ဖေ​အပေါ် ​ကောင်း​ကောင်းဆက်ဆံ​သော​ကြောင့် သူ့အဘိုးသည်လဲ သူ့အ​ဖေအ​ပေါ် မျက်နှာတစ်ချို့ ပြသရ​လေသည်။

သူ့ဒုတိယဦး​လေး ပြန်လာသည်ကို ကြားလျှင် ​နေရာတိုင်း၌ သူ့အ​ဖေကို ဆန့်ကျင်သူများအားလုံး ​သေဆုံးခဲ့ကြ​ပေသည်။

"အ​ဖေ ငါ့ရဲ့ဒုတိယဦး​လေးက ဘာအတွက်နဲ့ အပြင်ကိုထွက်သွားတာလဲ"

"သူက မင်းအတွက် ပစ္စည်း​တွေယူဖို့ ထွက်သွားတာ"

"သူ ပိုင်ယွင်ရှီကို သွားရှာတာလား။ ဒါ အရမ်း​ကောင်းတယ်" စုန်ချီမင်က ဆို၏။

အထက်အရာရှိကြီးများက ထိုဂိုဏ်းသားများကို ​ရို​သေလေးစားပြီး ကာကွယ်​ပေးခဲ့ကြသည်။ ​ရှေး​ဟောင်းကိုယ်ခံပညာရပ်ဆရာသခင်တစ်ချို့က အ​တော်​လေး လွန်သွားခဲ့လျှင်​တော့ နိုင်ငံ​တော်က သူတို့အား ဖယ်ရှားပစ်ရန် ရှိသမျှခွန်အားများကို အသုံးပြုကြ​ပေလိမ့်မည်။ ​ရှေး​ဟောင်းကိုယ်ခံပညာရှင်များ မည်မျှပင် အစွမ်းထက်ပါ​စေ သူတို့လဲ အ​သွေးအသားနှင့် လူတစ်ဦးပင် ဖြစ်သည်။ နိုင်ငံ​​တော်က ဖယ်ရှားပစ်ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် သာမာန်​ရှေး​ဟောင်းကိုယ်ခံပညာရှင်တစ်ချို့သည် ထိန်းထားနိုင်လိမ့်မည် မဟုတ်​ပေ။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now