အခန်း (၉၆)

1.1K 213 27
                                    

Unicode

"အမျိုးသမီးပရိတ်သတ်တစ်ဦးက သူမအိုင်​ဒေါကို ကာကွယ်​နေရင်း တစ္ဆေနယ်နိမိတ်ကို ​တွေ့ရှိခဲ့တယ်"
ဖိုရမ်ထဲတွင် သတင်းတစ်ပုဒ် ​ပေါက်ကွဲထွက်လာခဲ့၏။ တစ်ညအတွင်း ​အောက်တွင် မှတ်ချက်​ပေါင်း ​သောင်းနှင့်ချီရှိလာခဲ့၏။

"တစ္ဆေနယ်နိမိတ်လား၊ တကယ်ကြီးလား"

"အ​သေအချာပဲ။ မ​နေ့က ​ခေါင်း​ဆောင်ရွမ်ရွမ်က ယဲဖန်ကို တိုက်ခိုက်ဖို့ သူမအဖွဲ့ဝင်၁၉​ယောက်ကို ဦး​ဆောင်ခဲ့တယ်၊ ပြီးတော့ သူမတို့​တွေက ကားပါကင်မှာ ၃နာရီကြာ​အောင် ပိတ်မိ​နေခဲ့ကြတာ။ အဲ့ဒီအ​တောအတွင်း ကား​အစီး​ရေ ၁၀၀​ကျော်​လောက် ဝင်ထွက်သွားလာ​နေခဲ့​ပေမဲ့ သူတို့ရဲ့အကူအညီအတွက် ငို​ကြွေးမှု​တွေကို မကြားရုံသာမက သူတို့တည်ရှိမှုကိုပါ ဘယ်သူကမှ သတိမထားမိခဲ့ကြဘူး။​ နောက်ပိုင်း ​ခေါင်း​ဆောင်ရွမ်ရွမ်က စီစီတီဗီမှတ်တမ်းကို စစ်​ဆေးကြည့်​တော့ အဲ့ဒီ၃နာရီစာလုံးလုံး ​ပျောက်ဆုံး​နေတာကို ​တွေ့ရှိခဲ့ရတယ်တဲ့"

"တစ်​ယောက်​ယောက်ဖျက်လိုက်တာ​ရော ဖြစ်နိုင်​လောက်လား"

"​ခေါင်​ဆောင်ရွမ်ရွမ်ရဲ့ ဖုန်းလိုင်းကလဲ မ​နေ့က အ​ကြောင်းပြချက်မရှိပြတ်​တောက်သွားပြီး ၃နာရီ​နောက်ပိုင်းမှ အချက်ပြပြန်​ပေါ်လာတယ်လို့ ​ပြောတယ်။ ထိတ်လန့်စရာ​ကောင်းတာက​လေ တစ်ခြားအဖွဲ့ဝင်၁၉​ယောက်ရဲ့ ဖုန်း​လိုင်းတွေကပါ တစ်ချိန်တည်း ပြတ်​တောက်သွားကြတာပဲ"

"ယဲဖန်ရဲ့ ရိုက်ကူး​ရေးအဖွဲ့ထဲက တစ်​စုံတစ်ယောက်​ရဲ့အဆိုအရဆို သူက ပျံသန်းနိုင်​လောက်​အောင် ​ပေါ့ပါးတဲ့စွမ်းရည်ရှိတယ်တဲ့။ ဒါ​ကြောင့် သူက ပျံသန်းနိုင်ဖို့အတွက် ဝါယာကြိုး​တောင် မလိုအပ်ဘူးတဲ့"

.......

ဖိုရမ်ထဲတွင် တစ်ချို့က အရည်ရွမ်းတဲ့သတင်းများကို ​ဖော်ထုတ်ခဲ့ကာ တစ်ချို့က​တော့ ​ရေးကြီးခွင်ကျယ်လုပ်​နေသူများကို ကန်ထုတ်ဖို့ ကြိုးစား​နေကြပြီးတစ်ချို့ကျ​တော့ သူ့အား ​မေးခွန်းထုတ်​နေခဲ့ကြသည်။

"မင်း မ​နေ့က အဲ့ဒီ​ကောင်မ​လေးကို အနိုင်ကျင့်ခဲ့တာလား"

ယဲဖန်က မျက်လုံးလှိမ့်လိုက်ပြီး "မလုပ်ပါဘူး၊ သူတို့​တွေကသာ ငါ့ကို အနိုင်ကျင့်ခဲ့တာကွ။ သူတို့​တွေက ငါ့ကားကို ဘယ်လိုလုပ်ခဲ့လဲဆိုတာ မင်းမသိလို့​နော်။ ကား​ဆေးဖို့ ငါ့မှာ ယွမ်ငါးဆယ်​တောင် ​ကုန်ကျခဲ့ရတာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now