အခန်း (၄၀)

1.7K 279 9
                                    

Unicode

​​ကျောက်ရှီအုပ်စု၏အ​ရှေ့​ကောင်တာတွင်

"တဆိတ်​လောက်ခင်ဗျာ မစ္စတာပိုင်အထဲမှာ ရှိလား။ ​နေ့လည်သုံးနာရီမှာ ကျွန်​တော်တို့ ​တွေ့ဖို့ ချိန်းထားလို့ပါ" ကျန်းစီလျန်က ​မေးသည်။

အ​ရှေ့​ကောင်တာမှအမျိုးသမီးသည် ​ခေါင်းငြိမ့်ကာ "ဟုတ်ကဲ့ မစ္စတာကျန်းလားရှင့်။ ဥက္ကဋ္ဌပိုင်က အ​ပေါ်ထပ်မှာပါ။ သူ မစ္စတာကျန်းကို ​စောင့်​နေပါတယ်"

ကျန်းစီလျန်က ​ခေါင်းငြိမ့်ရင်း "​​ကောင်းပြီ။ ​ကျေးဇူးပဲ​နော်"

ကျန်းစီလျန်သည် မြို့​တော်သို့ ​ရောက်ပြီးမကြာမီ မစ္စတာပိုင်ဆီမှ ဖုန်းတစ်ခု လက်ခံရရှိခဲ့သည်။

မြို့​တော်တွင် ပိုင်မိသားစုသည် အ​​ကျော်ကြားဆုံး မိသားစုပင်ဖြစ်သည်။ ကျန်းစီလျန်တွင် ပိုက်ဆံအနည်းငယ်ရှိ​သော်လည်း ပိုင်မိသားစု၏ မြင့်မြတ်​သော တတိယသခင်​လေးက သူ့ကို လူကိုယ်တိုင်​တွေ့ဆုံရန် ဖိတ်ကြားလိမ့်မယ်လို့ ဘယ်​တုန်းကမှ မ​မျှော်လင့်ထားခဲ့​ပေ။ သူသည် မြှောက်ပင့်သလို ခံစားရပြီး အနည်းငယ်လည်း စိတ်ရှုပ်​ထွေးသွား​လေသည်။

ကျန်းစီလျန်သည် ဓါတ်​လှေကားစီးကာ ဥက္ကဋ္ဌရုံးခန်းသို့ သွားခဲ့သည်။ 

ကျန်းစီလျန်သည် အထဲသို့ ဝင်သွား​သောအခါ ​ချော​မောပြီး ဂုဏ်သိက္ခာရှိ​သော မစ္စတာပိုင်အား ​တွေ့လိုက်ရ၏။

ပိုင်ယွင်ရှီသည် ငယ်ရွယ်​သော်လည်း သူ့အား မိသားစုကြီးများမှ မိန်းမပျိုများက ပစ်မှတ်ထား​နေကြသည်။ လူ​တော်​တော်များများက ပိုင်မိသားစု၏တတိယအိမ်ရှင်မ ဖြစ်ချင်​နေကြသည်။ သို့​သော်လည်း ပိုင်ယွင်ရှီက သူတို့အားလုံးကို စိတ်မဝင်စား​​ဘူးဆိုတာ ဘယ်သူက သိမှာလဲ။

ကျန်းစီလျန်အား အံ့သြသွား​စေသည်မှာ ပိုင်ယွင်ရှီ​ဘေးရှိ လှည့်ကုလားထိုင်တွင် တစ်ခြားလူတစ်​ယောက်ရှိ​နေခြင်း​ပေ။ ထိုလူက သူ့အား​ကျော​ပေးထားကာ သူ့​ခြေ​ထောက်က တစ်ခြားဖက်ရှိ စာအုပ်စင်​ပေါ်တင်ထားရင်း ​ရေခဲမုန့် စား​နေသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now