အခန်း (၃၀)

1.6K 250 3
                                    

Unicode

ယဲဖန်သည် ​ငွေလက်ခံပြီး​နောက် ထွက်သွား​လေသည်။ ဝူစီဟန်သည် အနည်းငယ်စိုးရိမ်​တာကြောင့် အ​နောက်က​​နေ ပြေးလိုက်သွားခဲ့သည်။

"မင်း​သေချာရဲ့လား" ဝူစီဟန်သည် ယဲဖန်ကို ကြည့်ကာ ​မေးလိုက်သည်။

"ဘာကို ​သေချာတာလဲ" ယဲဖန်က ​မေးသည်။

"သူ့ကို အဆိပ်ထုတ်​ပေးတာ​လေ" ဝူစီဟန်က ဆိုသည်။

ယဲဖန်သည် ပြုံးကာ "ကိတ်မုန့်တစ်ပိုင်းစာ ဖဲ့သ​လောက်ပဲ။ ကျွန်​တော်က စာ​ပေမှာနှံ့စပ်ပြီး ဥာဏ်​ကောင်းတယ်ဆိုတာ မင်းသိပါတယ်။ ဒါ​ပေါ့ ဒါကဘာမှ​တောင်မဟုတ်​သေးဘူး"

ဝူစီဟန်သည် သူ့ကို ကြည့်ရင်း စိတ်ပူစွာ ​ပြော​လေသည် "သူက ဘယ်သူလဲဆိုတာ မင်းသိလား။ သူက အိမ်ခြံ​မြေသူ​ဌေးကြီး ထန်ယုံကျင်းကွ။ သူက သူ့ခြေ​ထောက်​အောက်မှာ အိမ်ခြံ​မြေ​လောကတစ်ခုလုံး နင်း​ခြေခဲ့လို့ နှစ်ကြိမ်​တောင် လှုပ်ခတ်သွားဖူးတယ်"

"သူ​ဌေးကြီးတဲ့လား။ ဒီလူက အရမ်းချမ်းသာတာ​ပေါ့။ ဒါဆိုရင် ထပ်ပေးဖို့ သူ့ကို တောင်းဆိုသင့်လား" ယဲဖန်သည် ​မေး​စေ့ပွတ်ကာ ​တွေး​နေ​လေသည်။

ဝူစီဟန်သည် ကူကယ်ရာမဲ့စွာ "မင်းကို ငါက ပိုက်ဆံပို​တောင်းခိုင်း​နေတာ မဟုတ်ဘူးကွ။ မင်းသူနဲ့ ဆက်ဆံ​ရေးတစ်ခု တည်​ဆောက်သင့်တယ်ဆိုတာကို မင်းသိရဲ့လား။ ဒါဆို မင်းအတွက်လည်း ကံကြမ္မာ​ကောင်းတစ်ချို့ စုဆောင်းမိလိမ့်မယ်"

ယဲဖန်သည် သူ့လက်ကို ယမ်းကာ "​ကောင်းပြီ​လေ ဒါကို ​မေ့လိုက်​တော့။ အရမ်းဒုက္ခများတာပဲ။ ကျွန်​တော်မိန်းမကို လိုက်ရတာနဲ့တင် စိတ်​ရောကိုယ်​ပါ ပင်ပန်းနေတယ်ဆိုတာ မင်းသိပါတယ်။ အဲ့ဒါအတွက် ကျွန်​တော့်မှာ တကယ်ကို အင်အားမရှိ​တော့ဘူး"

ဝူစီဟန်က "တစ်​ယောက်​ယောက်ကို ​စော်ကားဖို့ ငါတို့မတတ်နိုင်ဘူးဆိုတာ မင်းသိသင့်တယ်ကွ"

"ကျွန်​တော်က သူ့ကို ဘာ​ကြောင့် ​စော်ကားရမှာလဲ" ယဲဖန်က စိတ်ရှုပ်သွားသည်။

ဝူစီဟန် "....."

ယဲဖန်သည် သူ့ကို ကြည့်ကာ "အခု ကျွန်​တော်က ချမ်းသာ​နေပြီ။ ​ရှေး​ဟောင်းလမ်းမကြီးကို သွားပြီး မီးပြင်းဖို သွားဝယ်ကြရ​အောင်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now