အခန်း (၂၃)

1.5K 223 5
                                    

Unicode

ဘတ်စ်ကားသည် သုံးနာရီကြာ ​မောင်းပြီး​နောက် ​နောက်ဆုံး၌ ရပ်တန့်ခဲ့သည် ​"ရှေ့မှာ လမ်းမရှိ​တော့ဘူး။ ငါတို့​တွေ လမ်း​လျှောက်သွားရလိမ့်မယ်"

​ရှောက်ချီနှင့် အခြားလူများသည် တစ်​ယောက်ပြီးတစ်​ယောက် ဆင်းသွား​လေသည်။ ယဲဖန်သည် ကား​ပေါ်မှ ဆင်းလိုက်​သောအခါ ​လှိုင်းထ​​နေသည့်တောင်ကုန်းများကို ​တွေ့လိုက်ရသည်။

​ရှောက်ချီသည် ပိုင်ယွင်ရှီ​ဘေးသို့ ​လျှောက်လာပြီး "မင်းအားလုံး အဆင်​ပြေရဲ့လား" ဟု ​ပြောသည်။

ပိုင်ယွင်ရှီက ပြုံးကာ ​ပြောလိုက်သည် "​ပြေတယ်"

ထို့​နောက် မျက်​မှောင်ကြုတ်​လေသည်။ သူသည် အမြဲတမ်း ​အအိပ်​ဆတ်​ပေမဲ့ ဒီလမ်းတစ်​လျှောက်လုံးတွင် သူက ဘတ်စ်ကား​ပေါ်တွင် နှစ်နှစ်ခြိုက်ခြိုက် အိပ်​ပျော်သွားသည်မှာ စိတ်ကူးရခက်လေသည်။ သူသည် အိပ်​ပျော်ပြီး​နောက် သူ့စိတ်ထဲတွင် ဆန်းကြယ်သလိုခံစားလိုက်ရပြီး ယဲဖန်၏ပုခုံး​ပေါ်သို့ အမှန်ကို မှီထားသည် ဟု ​ရှောက်ချီ​ပြောသည်ကို ကြားလိုက်သည်။

ယဲဖန်သည် သူ့အိတ်ကို သယ်ကာ ပိုင်ယွင်ရှီဆီသို့ ​လျှောက်သွား​ခဲ့ပြီး ယဥ်​ကျေးသိမ်​မွေ့စွာဖြင့် "ငါတို့ လမ်းနည်းနည်း​လျှောက်ရလိမ့်မယ်လို့ ကြားခဲ့တယ်။ မင်းမ​လျှောက်နိုင်ရင် ငါမင်းကိုသယ်သွား​ပေးမယ်​လေ"

သူ၏မိုက်မဲသည့်အပြုံးကို ကြည့်ပြီး​နောက် ပိုင်ယွင်ရှီသည် စိတ်တိုစွာဖြင့် "မလိုဘူး။ ​ကျေးဇူးပဲ"

ယဲဖန်က မျက်​တောင်ခတ်ကာ "သတ္တိရှိဖို့ မကြိုးစားနဲ့"

ပိုင်ယွင်ရှီသည် မှုန်ကုပ်လျက် ​ပြော​လာသည် "မင်းရဲ့ စိုးရိမ်မှုအတွက် ​ကျေးဇူးပဲ။ ဒါ​ပေမဲ့ မလိုအပ်ဘူး"

ယဲဖန်သည် ထိုအ​ကြောင်းကို ​တွေးလိုက်ပြီး​နောက် ​ပြော​လာသည် "မင်း ဝက်​ပေါင်​ခြောက်အချို့ ယူချင်လား"

"မယူဘူး" ပိုင်ယွင်ရှီက ​အေးစက်စွာ ​ဖြေလိုက်သည်။

ယဲဖန်သည် သူ့ကို ကြည့်ပြီး စိတ်ညစ်စွာ ​ဆိုလေသည် "မင်းက အရမ်းဇီဇာ​ကြောင်တာပဲ။ ဘာမှကို မစားဘူး"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားHikayelerin yaşadığı yer. Şimdi keşfedin