အခန်း (၅၆)

1.3K 245 16
                                    

Unicode

ရဲကားတစ်ချို့​ရောက်လာပြီး​နောက် ထိုရဲကား​ပေါ်မှအမျိုးသမီးရဲအရာရှိလည်း ဆင်းလာခဲ့သည်။ ယဲဖန်ကို မြင်​တော့ သူမဟာ ချက်ချင်းပင် ​ဒေါသထွက်လာခဲ့သည်။

"ယဲဖန် နင်ဒီမှာ ဘာလုပ်​နေတာလဲ" ချန်ခယ့်လန်က ​ဒေါသမျက်နှာဖြင့် ဆိုလာခဲ့သည်။

ယဲဖန်က ချန်ခယ့်လန်ကို ကြည့်ရင်း မျက်​တောင်ခတ်လိုက်​လေသည် "တစ်​ယောက်​ယောက်က အ​ဆောက်အဦး​ပေါ်က ခုန်ချ​နေတယ်ကြားလို့ ကျွန်​တော်က တစ်ချက်လာကြည့်တာ"

"နင်က အ​ပျော်ကြည့်ဖို့ ခံစားချက်ရှိ​သေးတာလား။ နင် အသိစိတ်​ရော ရှိ​သေးရဲ့လား" ချန်ခယ့်လန်က ​ဒေါသတကြီးဆိုလာခဲ့သည်။

"ဒါ​ပေမဲ့ ကျွန်​တော်တစ်​ယောက်တည်း ကြည့်​နေတာ မဟုတ်ဘူး​လေ" ယဲဖန်က အပြစ်ကင်းစင်စွာ ​ပြောလာ​ခဲ့သည်။

ချန်ခယ့်လန်က ဝမ်းနည်းစွာဖြင့် "သူတို့က ဒီမှာ ​နေတာ​လေ။ ဒီမှာက လမ်းတစ်​လျှောက်လုံး ​အော်ဟစ်ငို​ကြွေး​နေတာ နင်နဲ့မတူဘူး​။ သခင်​လေးပိုင်က နင့်လိုအရူးမျိုးနဲ့ ဘာလို့ သူငယ်ချင်းလုပ်လဲဆိုတာ ငါတစ်ကယ်ကို နားမလည်နိုင်ဘူး"

ယဲဖန်က မှုန်ကုပ်ကုပ်ဖြင့် "မင်းနားမလည်တဲ့အရာ​တွေ ရှိ​သေးတယ်။ မင်းက ငါ့လိုဥာဏ်ကြီးရှင်ကို အရူးလို့ ဘယ်လိုလုပ်ပြီး စွပ်စွဲ​ပြောဆိုရဲရတာလဲ။ ငါက အရူးဖြစ်​နေရင်လဲ မင်းမှာ အရူးလို့ ​ခေါ်ဖို့ အရည်အချင်းမရှိဘူး"

ချန်ခယ့်လန် "မိမစစ်ဖမစစ်​​ကောင် ....."

ယဲဖန်သည် က​လေးအား ကြည့်ကာ တည်တည်ငြိမ်ငြိမ်ဖြင့် "မင်းက ဘာပဲဖြစ်ဖြစ် ပြည်သူ့ဝန်ထမ်းတစ်ဦး​ပဲ။ တစ်​ယောက်​ယောက်က​ မင်းကယ်တင်​ပေးဖို့ ​​စောင့်​နေ​သေးတုန်းလေ။ ငါတို့တိုင်းပြည်က ပန်းပွင့်​လေး​​တွေကို ကယ်တင်ရမယ့်အစား ဒီမှာ ငါနဲ့ စကားလာ​ပြော​နေတယ်။ နည်းနည်း​မသင့်​တော်ဘူးလို့ မထင်ဘူးလား"

ချန်ခယ့်လန်က သူ့အား စိတ်တိုစွာ စိုက်ကြည့်ပြီး လှည့်ထွက်သွားခဲ့သည်။

"ဆရာသခင်ယဲက ချန်မိန်းက​လေးကို သိတာလား" ကျန်းစီလျန်က ​မေးလာ၏။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားOpowieści tętniące życiem. Odkryj je teraz