အခန်း (၁၉)

1.5K 246 6
                                    

Unicode

ချန်ယွီသည် ခရိုင်ဟောင်းတစ်ခုသို့ လမ်းတစ်​လျှောက်​ မောင်းလာခဲ့သည်။ 

"​ကောင်းပြီ ငါ ဒီမှာပဲ ဆင်းလိုက်​တော့မယ်။ မင်းရဲ့ကားက နည်းနည်း မျက်စိဖမ်းစားလွန်း​နေတယ်" ယဲဖန်က ​ပြောသည်။

ချန်ယွီသည် သူ့ကို ကြည့်ကာ တစ်ခဏတုံ့ဆိုင်းပြီး​နောက် "သခင်​လေးယဲ ငါမင်းနဲ့ လိုက်လာလို့ရမလား"

ယဲဖန်သည် ​ခေါင်းငြိမ့်လိုက်ကာ "​ကောင်းပြီလေ"

ထို့​နောက် သူတို့သည် စွန့်ပစ်ထားသည့်စက်ရုံအတွင်းသို့ ဝင်သွားခဲ့ရာ ဝူ​ဟောက်ချန်ကို ကုလားထိုင်တစ်လုံးတွင် ကြိုးတုပ်ထားပြီး ပါးစပ်ပိတ်ထားခြင်းခံထားရသည်ကို ​တွေ့လိုက်ရသည်။

"သူ​ဌေး ဝူမိသားစုက ယွမ်သန်းနှစ်ရာက များလွန်းတယ်လို့ ​ပြောတယ်။ သူတို့​ငွေအားလုံးကို လုပ်ငန်း​တွေမှာ ရင်းနှီးမြှုပ်နှံထားတာ​ကြောင့် ပြန်​ရွေး​ငွေယွမ်သန်းနှစ်ရာရဖို့ သူတို့ကုမ္ပဏီကို ​ရောင်းဖို့ လိုအပ်တယ်။ ဒါ​ပေမဲ့ ကုမ္ပဏီ​တွေကို ​ရောင်းဖို့က အချိန်လိုအပ်တယ်ဆိုတာ မင်းသိပါတယ်"

"​ခွေး​ကောင် သူတို့​တွေက အချိန်ဆွဲဖို့ ကြိုးစား​နေတာ ​သေချာတယ်"

"သူ​ဌေး သူတို့တွေ မ​ပြောရဲ​လောက်ဘူးလို့ ကျွန်​တော် ထင်တယ်။ ဝူတစ်မိသားစုလုံးမှာ ဒီ​မြေးတစ်​ယောက်တည်း ရှိတာလေ"

"ဒီကိစ္စက အချိန်အကြာကြီး ဆွဲ​​လေ တစ်ခုခု ဖြစ်သွားမှာ ငါ​​ကြောက်​လေပဲ"

"ငါတို့​တွေ နည်းနည်း​လောက် ​လျော့​တောင်းလိုက်ရင်​​ကော ဘယ်လိုလဲ"

"မရဘူး။ ယွမ်သန်းနှစ်ရာပဲ"

သူတို့သူ​ဌေးသည် အနည်းငယ် ရက်စက်​သော မျက်လုံး​တွေဖြင့် ကြည့်လိုက်သည်။

"သူ​ဌေး ဒီ​ကောင်ကို အစာနည်းနည်း​လောက် ​ပေးလိုက်ရင်​ ဘယ်လိုလဲ။ သူ့မှာ တစ်ခုခုဖြစ်သွားရင် ဝူမိသားစုက ငါတို့ကို အလွတ်​ပေးမှာမဟုတ်ဘူး"

"မလိုဘူး။ တစ်ရက်တည်းပဲ။ သူမ​သေနိုင်ဘူး"

ချန်ယွီသည် ဝူ​ဟောက်ချန်ကို ​ချောင်းကြည့်ရင်း သူ့စိတ်ထဲတွင် 'သနားစရာပဲ။ သူက တစ်​နေ့လုံး ဘာမှမစားရ​သေးဘူး။ အဲ့ဒါက ဝူမိသားစုရဲ့ အဖိုးတန်​ဆုံး မြေး​လေ'

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now