အခန်း (၉၅)

914 179 11
                                    

Unicode

သူ့အပိုင်းအား ရိုက်ကူး​နေစဥ် စုန်လင်ဖုန်းသည် စုန်ချီမင်ထံမှ ဖုန်း​ခေါ်ဆိုမှုတစ်ခုကို ရရှိခဲ့ကာ စုန်မိသားစုထံသို့ ဦးစွာ သွား​ရောက်ခဲ့သည်။

"ဝမ်းကွဲ မင်းငါ့ကို ​တွေ့ချင်လို့လား။ ငါ့မှာ အချိန်​ဇယား​တွေ တင်းကျပ်​နေတာ မင်းလဲသိပါတယ်" စုန်လင်ဖုန်းက စိတ်မရှည်စွာ ​ပြောလိုက်သည်။

"မင်း စုန်ယွမ်ရဲ့တစ္ဆေမင်္ဂလာပွဲကို ဂရုစိုက်လိုက်မယ်လို့ ​ပြောတယ်​လေ။ အခု အဲ့ဒါ ဘယ်လို​နေတုန်း"စုန်ချီမင်က ​အေးစက်စွာ ​မေးလိုက်သည်။

စုန်လင်ဖုန်းက အပြစ်နည်းနည်းနှင့် ​ပြောလာ၏ "ငါ နည်းလမ်းတစ်ခု ရှာ​နေတုန်းပဲ။ ပြီးခါနီး​နေပါပြီ"

"စုန်ယွမ်က မင်း သူ့အတွက် ​ရွေးချယ်ထားတဲ့တစ်​ယောက်ကို မ​ကျေနပ်လို့ဆိုပြီး ငါ့ကို ဒုက္ခလာ​ပေး​နေတယ်"စုန်ချီမင်က ​အေးတိ​အေးစက် ​ပြောလာ၏။

စုန်လင်ဖုန်းမျက်လုံးများသည် မသိစိတ်အရ ပြူးကျယ်လာပြီး "မဖြစ်နိုင်တာ"

စုန်ယွမ်သည် သူမ​သေခင်က ​ဂေးတစ်ဦးဖြစ်​လေသည်။ ဒါ​ကြောင့် သူ့အတွက် ​ယောကျ်ားတစ်ဦးကို ​ရွေးချယ်​ပေးခဲ့၏။ ထန်ဝူရွမ်းကို ​တွေ့ဖို့ တစ်ကြိမ် ​ခေါ်သွား​ပေးခဲ့ကာ သူက အ​တော်​လေး ​ကျေနပ်​နေခဲ့သည်။ ထိုအချိန်တုန်းက သူသည် ထန်ဝူရွမ်းဟာ လူသား​တွေကြားမှာသာမက သရဲ​တွေကြားမှာပါ ​ရေပန်စား​နေ​သည်ဟု ​တွေး​နေခဲ့သေးသည်။

"မင်း သူ့အတွက် ​ရွေး​ပေးထားတဲ့တစ်​ယောက်က ​ကောက်မန်ကျင်းလို့ ​ခေါ်တာလား" စုန်ချီမင်က ​မေးလာ၏။

စုန်လင်ဖုန်းအမူအရာသည် ​ပြောင်းလဲသွားကာ "မဟုတ်ဘူး" အဲ့ဒါက ထန်ဝူရွမ်းအကိုကြီးရဲ့ နာမည် မဟုတ်ဘူးလား။ သူက ရှင်းရှင်းလင်းလင်းကို ထန်ဝူရွမ်းကို ​ရွေးချယ်ခဲ့တာ​လေ။

စုန်ချီမင်က မျက်​မှောင်ကြုတ်သွားကာ "လက်ထပ်ပွဲသ​ဘောတူညီစာချုပ်က ပြီး​မြောက်သွားပြီ၊ အဲ့ဒါက ​ကောက်မန်ကျင်းပဲ။ ဒီ​ကောက်မန်ကျင်းဆိုတာ အတိအကျကို ဘယ်သူတုန်း"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWaar verhalen tot leven komen. Ontdek het nu