အခန်း (၇၅)

1.2K 231 30
                                    

Unicode

ယဲဖန်သည် ကျန်းရွမ်​နောက်မှ ကျန့်မိသားစုဆီသို့ လိုက်သွားခဲ့၏။ ဟွမ်ရှစ်ကျုံး၏ကျရှုံးမှု​ကြောင့် ကျန့်စူယာအ​ဖေက ဒီတစ်ကြိမ်တွင် ကျန်းရွမ်အ​ပေါ် ​ကောင်းကောင်းမွန်မွန်ဆက်ဆံ​ခဲ့​လေသည်။

ကျန်းရွမ်သည် ကျန့်စူယာအခန်းထဲသို့ ယဲဖန်ကိုပါ ​ခေါ်​သွားဖို့ ​တောင်းဆိုခဲ့ကာ တစ်ဖက်က ချက်ချင်း သဘောတူခဲ့​​ပေသည်။

ကျန့်စူယာက အိပ်ရာ​ပေါ်တွင် လဲ​လျောင်း​နေပြီး ​ဖျော့​တော့​နေ​လေ၏။ ​​နေမ​ကောင်း​​နေသော်လည်း ကျန့်စူယာသည် လှပ​နေဆဲပင်။

"ဒီအမျိုးသမီးက အခု အရမ်းရုပ်ဆိုးတာပဲ" ယဲဖန်သည် အားရ​ကျေနပ်မှုများဖြင့် ဆိုလာခဲ့သည်။

ကျန်းရွမ် "....." ရုပ်ဆိုးတယ်လား။ သူမက သိသိသာသာကို လှပ​နေတုန်းပဲကွ။

"သူမသာ အခုလို ပုံစံအတိုင်း ဆက်ရှိ​နေရင် ငါနဲ့ ယွင်ရှီကို ပြိုင်လုဖို့ သူမမှာ မျက်နှာ မရှိ​လောက်​တော့ဘူး ထင်တယ်" ယဲဖန်သည် ​ပျော်ရွှင်စွာ ဆိုလာခဲ့၏။

ကျန်းရွမ်သည် အသက်ပြင်းပြင်းရှုလိုက်ပြီး "သခင်​လေးယဲ မင်းနဲ့ သခင်​လေးယွင်ရှီတို့က ပြီးပြည့်စုံပြီးလိုက်ဖက်မှုရှိတဲ့ စုံတွဲ​တွေပါ။ ကျန့်မိန်းက​လေးက မင်းကို ခြိမ်း​ခြောက်နိုင်မှာ မဟုတ်​ဘူး။ မင်းစိတ်ချလက်ချ ​အနားယူလို့ရနိုင်ပြီ"

"ငါလဲ အဲ့ဒီလို ထင်တယ်။ ငါ့ဆီက​နေ သူ့ကို ခိုးယူဖို့ ကြိုးစားတဲ့သူ ဘယ်သူပဲဖြစ်ဖြစ် ပြန်ပြင်​ပေးလိုက်မယ်" ယဲဖန်က ဂုဏ်ယူစွာ ဆိုလာခဲ့သည်။

ကျန်းရွမ် "....."

ထို့​နောက် ယဲဖန်သည် သူ့မျက်လုံးများကို ပိတ်လိုက်ပြီး လှုပ်ရှားမှုများအားလုံး ရပ်တန့်သွား​တော့၏။

​ကျောက်တုံးလိုမျိုး ရပ်​နေသည်ကို မြင်​တော့ ကျန်းရွမ်သည် မျက်​မှောင်ကြုတ်မိသွား​သည်။

ယဲဖန်သည် အိမ်မက်ထဲ​သို့ ဝင်​ရောက်ပြီး မကြာမီ သူဟာ ​​ကြော့ရှင်းပြီး မြင်မြတ်သည့် အမျိုးသမီးတစ်ဦးကို ​တွေ့လိုက်ရသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now