အခန်း (၃၁)

1.5K 243 3
                                    

Unicode

ယဲဖန်သည် ဝူ​ဟောက်ချန် ကို ထန်ယုံကျင်း၏ဗီလာသို့ ​ခေါ်​ဆောင်သွားသည်။ သူ့ဗီလာသည် ​မြေကွက်​​ပေါင်းမူတစ်​ထောင်​လောက်ရှိကာ အထဲတွင် ​ရေတံခွန်များနှင့် ပန်းများ ပွင့်လန်း​နေကြသည်။ (TN :: မူ -> တရုတ်​အတိုင်းအတာတစ်မျိုး)

ဝူ​ဟောက်ချန်သည် ​ကျောက်ခင်းလမ်း​ပေါ်တွင် ခုန်​ပေါက်​နေပြီး ယဲဖန်ဘက် လှည့်ကာ "ဦး​လေးဖန် ဒီအိမ်က ကျွန်​တော်တို့အိမ်ထက် ဆယ်ဆ​လောက် ပိုကြီးတယ်"

ယဲဖန်က ​ပြောသည် "ဟုတ်တယ်။ ဒီမှာ ငါတို့​တွေ အရသာရှိတာ​ အများကြီးစားလို့ရပြီ"

ထန်ယုံကျင်း "....."

ထို့​နောက် သူသည် ယဲဖန်တို့ကို စု​ဆောင်းခန်းထဲ ​ခေါ်​ဆောင်သွားခဲ့သည်။ ထိုအခန်းထဲတွင် ပုဆိန်များ၊ ​ကြွေထည်များနှင့် သုံး​ချောင်း​ထောက်​ကြေးအိုးများ အစရှိသည့် အရာမျိုးစုံဖြင့် ပြည့်နှက်​နေသည်။

ကျိုးကျင်းကျီသည် ထို​အခန်းထဲရှိ တောက်ပ​နေသည့် စု​ဆောင်းပစ္စည်းများကို ကြည့်ပြီး ထန်ယုံကျင်းကို ပြုံးကာ "​လောင်ထန် မင်းမှာ တကယ်ကို ပစ္စည်း​ကောင်း​တွေအများကြီးရှိတာပဲ။ ယဲဖန်ကို ​ကျေးဇူးတင်ရမယ်။ ဒီလိုမှမဟုတ်ရင် ငါ့မျက်လုံးနဲ့ ကြည့်ရဖို့ အခွင့်အ​ရေးမရှိ​လောက်ဘူးလို့တောင် ထင်တယ်"

ထန်ယုံကျင်းသည် သူ့လက်ကို ​​ဝှေ့ယမ်းလိုက်ပြီး "မင်းက ငါ့ကို ​မြှောက်ပင့်​နေပြန်ပြီ။ ကြုံရာကျပန်း စု​ဆောင်းမှု​​လေးတွေပဲဆိုတာ မင်းသိပါတယ်"

"ဦး​လေးဖန် ဒီမှာ အမှိုက်​တွေအများကြီးပဲ" ဝူ​ဟောက်ချန်က ဆိုသည်။

ကျိုးကျင်းကျီ "....." အရူးပဲ

ယဲဖန်သည် ဝူ​ဟောက်ချန်ကို တစ်ချက်ကြည့်လိုက်ရင်း သူ့​ခေါင်းကို ပွတ်သပ်ကာ "မင်း​ ဘာပေါက်ကရစကား​တွေ ​လျှောက်​ပြောနေတာလဲ။ ကောင်း​ကောင်း​နေစမ်း" ယဲဖန်၏အကြည့်က စင်​ပေါ်မှပစ္စည်းများကို တစ်ခုပြီးတစ်ခု လိုက်ကြည့်​နေသည်။ သူက သူ့​မေးကို ထိရင်း "ဒီမှာ အမှိုက်​တွေအများကြီးရှိ​ပေမဲ့ ပစ္စည်း​ကောင်း​တွေ​တော့ ရှိပါ​သေးတယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now