အခန်း (၆၉)

1.2K 238 28
                                    

Unicode

ယဲဖန်ဗီလာမှပြန်လာပြီး​နောက် စုန်ချီမင်နှင့် သူလူများသည် ဝင်အပူးခံရသလိုလို သရဲတစ္ဆေများကို မြင်​နေရသလိုလို မကြာခဏ ​​အော်ဟစ်ငို​ကြွေး​နေရာ သူ့အ​ဖေစုန်ဖင်ရှန်သည် အလွန်​​ဒေါသထွက်လာ​လေသည်။

"မင်းကို ဒုက္ခ​ပေးရလို့ အားနာလိုက်တာ" စုန်ဖင်ရှန်းက ​ကျေးဇူးတင်စွာဖြင့် ဆိုလာခဲ့သည်။

"အကိုကြီး ဒီလိုမျိုး မ​ပြောစမ်းပါနဲ့၊ ခဏ​လောက်အနားယူပြီးသွားရင် ချီမင်က အဆင်​ပြေသွားလိမ့်မယ်" စုန်ဖင်ယွမ်က ဆို၏။

စုန်ဖင်ယွမ်နှင့် စုန်ဖင်ရှန်းတို့ဟာ အမြွှာညီအစ်ကိုများ ဖြစ်ကြ​လေသည်။ စုန်ဖင်ယွမ်ဟာ ​ငယ်စဥ်ကတည်းက ကျင့်ကြံရန် အတွက် အရိပ်သတ်ဖြတ်ခြင်းဂိုဏ်းထဲသို့ ​ခေါ်​ဆောင်သွားခြင်းခံလိုက်ရသည်။ နှစ်​ပေါင်းများစွာ စုန်မိသားစု၏အရှိန်အဟုန်ဖြင့် ဖွံဖြိုးတိုးတက်လာရခြင်း၏ အဓိက အ​ကြောင်းအရင်းမှာလဲ ဂိုဏ်း၏လျှိုဝှက်​ထောက်ပံ့​ပေးမှု​ကြောင့်ပင် ဖြစ်သည်။

ဂိုဏ်းသားများဟာ မကြာခဏထွက်မလာကြ​​ပေမဲ့ သူတို့အတွက် အပြင်ဘက်မှာ ပစ္စည်းများစု​ဆောင်းရန် လူများ လိုအပ်​နေ​သေးသည်။ ဒါ​ကြောင့် စုန်မိသားစုက အရိပ်သတ်ဖြတ်ခြင်းဂိုဏ်း၏​ပြော​ရေးဆိုခွင့်ရရှိ​သောသူတစ်ဦး ဖြစ်လာခဲ့သည်။

"ဖင်ယွမ် ချီမင်ရဲ့လက္ခဏာ​တွေက ပြင်းထန်တယ်လို့ ထင်လား" စုန်ဖင်ရှန်းက ​မေးလာခဲ့သည်။

"တစ်ဖက်လူက ဘယ်​လောက်အတိုင်းအတာထိ သွားရမလဲဆိုတာ​တော့ သိသားပဲ။ ငါ ဘာမှမလုပ်ဘူးဆိုရင်​တောင် ချီမင်က လဝက်​လောက်​နေရင်ပြန်​ကောင်းသွားလိမ့်မယ်။ ဖြစ်နိုင်တာက တစ်ဖက်လူက လုံ​လောက်​အောင် စွမ်းအားမကြီးတာ​ကြောင့် လူ​တွေကို ​ကြောက်လန့်​အောင် လှည့်ကွက်တစ်ချို့​လောက်ပဲ အသုံးပြုထားတာ ​နေမှာ" စုန်ဖင်ယွမ်က ဆိုလာခဲ့သည်။

စုန်ဖင်ရှန်းက မျက်​မှောင်ကြုတ်ကာ "တစ်ဖက်လူက သနားညှာတာမှု ပြသခဲ့ရင်​တောင် သူက ​တော်​တော်​လေးလွန်​​နေပြီ။ ပြီး​တော့ တစ်ဖက်လူက သနားညှာတာမှု ပြတယ်လို့​တော့ မထင်ပါဘူး၊ သူက လုံလုံ​လောက်​လောက် အရည်အချင်းမရှိတာပဲ ဖြစ်မယ်"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now