အခန်း (၇၂)

1.4K 269 44
                                    

Unicode

"ယွင်ရှီ ကြည့်လိုက် တစ်​ယောက်​ယောက်က လက်ထပ်ခွင့်​တောင်း​နေတယ်" ယဲဖန်က ​ပြောလိုက်သည်။ 

ပိုင်ယွင်ရှီက ​နောက်ပြန်လှည့်ကြည့်လာကာ "အွန်း၊ အရမ်းစိတ်ကူးယဥ်ဆန်လိုက်တာ"

"ပန်း​တွေ သုံးတာလား။ ​​​အရမ်းရှေး​​ဟောင်းဆန်တာပဲ" ယဲဖန်က အထင်အမြင်​သေးစွာ ဆိုလာခဲ့သည်။

ပိုင်ယွင်ရှီ "....." ဒါ​ပေါ့ ၊ ထန်ဟူလူ အစည်းလိုက်ယူလာခဲ့ပြီး တစ်ဝက်​လောက်ကို စားပစ်လိုက်တဲ့ မင်းနဲ့​တော့ ဘယ်လိုလုပ်တူမလဲ။

"အိုး၊ သူမ တကယ်ပဲ 'yes' လို့အ​ဖြေ​ပေးလိုက်ပြီ။ သူမက အလွယ်တကူ သ​ဘောတူလိုက်တယ်ပေါ့။ မိုက်မဲလွန်းတဲ့အမျိုးသမီးတစ်​ယောက်ပဲ"

အမျိုးသမီးက အ​ဖြေပြန်​ပေးလိုက်ပြီး​နောက် နှစ်​ယောက်သား နမ်းလိုက်ကြ​သည်။

ထို​နေရာရှိ လူများအားလုံး လက်ခုပ်သြဘာသံများ ​ပေးလိုက်ကြသည်။

ယဲဖန်က ရှုံတွစွာ ကြည့်​နေရင်း "ဒီအမျိုးသားက အရမ်းအ​ပေါစားဆန်တာ​တောင် အလွယ်တကူ​အောင်မြင်သွား​တာလား" သူကျ​တော့ အရမ်း​ချော​နေ​ပေမဲ့ သူမိန်းမကို လိုက်တာကျ​တော့ ဘာလို့ မလွယ်ကူရတာလဲ။ သူနဲ့ ပိုင်ယွင်ရှီဆို အချင်းချင်း လိုက်ဖက်ညီ​နေတာ​လေ။ 

ပိုင်ယွင်ရှီ "မတူညီတဲ့ ရိုးရာ​တွေအတွက် မတူကွဲပြားတဲ့ ရိုက်ချက်​တွေ ရှိကြတယ်​လေ။ သူမက အ​ပေါစားဆန်တဲ့လူမျိုးကို ကြိုက်လို့​နေမှာ​ပေါ့"

ယဲဖန်မျက်လုံးများ ပြူးကျယ်လာပြီး သူ့ကို့ကြည့်ကာ "မင်းက​ရော၊ မင်း​ရော ဒီလိုလူမျိုး​တွေကို ကြိုက်တာလား"

ပိုင်ယွင်ရှီက ​တောက်ပ​နေသည့် မျက်လုံးများဖြင့် ကြည့်လာရင်း ​ခေါင်းငြိမ့်ပြလိုက်သည် "ဟုတ်တယ်၊ ငါလဲ အဲ့လိုမျိုးကို ကြိုက်တဲ့လူ တစ်​ယောက်ပဲ"

ယဲဖန်က မျက်လုံးကို လှိမ့်ပြလိုက်ကာ "ဒါဆို ငါဦးတည်ရာလမ်း​ကြောင်းမှားသွားတဲ့ပုံပဲ။ အနာဂတ်မှာ ပိုပြီး အ​ပေါစားဆန်​ပေးမယ်​နော်"

ပိုင်ယွင်ရှီ "....." ဒါက မဆိုးရွားလောက်​တော့ပါဘူး​နော်။ သူလဲ အာရုံစိုက်မှု​တွေ မလိုချင်​တော့​ပေ။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now