အခန်း (၇၉)

1.8K 276 36
                                    

Unicode

"သခင်ကြီးပိုင် အကူအညီလို​အပ်သေးလား" ဆိုင်ပိုင်ရှင်က ထွက်လာပြီး လူအိုကြီးကို ရိုရို​သေ​သေ ​ပြောလိုက်သည်။

"ဘာလဲ။ မင်းရဲ့ မျိုးရိုးကလဲ ပိုင်ပဲလား။ ကျွန်​တော့်မိန်းမမျိုးရိုးလဲ ပိုင်ပဲ၊ ဘယ်လို​တောင် တိုက်ဆိုင်လိုက်လဲ" ယဲဖန်က အပြုံး​လေးဖြင့် ဆိုလိုက်၏။

"သူက မင်းမိန်းမ မဖြစ်​သေးပါဘူး" ပိုင်ရှစ်ယွမ်က  ဆိုလာ၏။

ယဲဖန် "သူက အနာဂတ်မှာ​တော့ ဖြစ်လာမှာ​လေ"

"မင်း ဒီလို ​ပြောဖို့အတွက်က ​စောလွန်​ပါသေးတယ်" ပိုင်ရှစ်ယွမ်က ​​ထေ့​ငေါ့လိုက်၏။

ယဲဖန်က သူ့အားကြည့်ကာ စိတ်ရှုပ်​ထွေး​နေ​လေသည် "ဆရာ ကျွန်​တော်က ကျွန်​တော့်မိန်းမအ​ကြောင်း ​ပြော​နေတာ​လေ။ ဆရာက ဘာလို့ အရမ်းစိတ်ဆတ်နေရတာလဲ"

ပိုင်ရှစ်ယွမ်သည် သူ့စကားများ​ကြောင့် အသက်မရှုနိုင်လုနီးပါး ဖြစ်သွား​လေသည် "ငါ ဘယ်သူလဲဆိုတာ မင်းသိလား"

ယဲဖန်က ​ခေါင်းယမ်းလိုက်ကာ "မသိဘူး​လေ"

ပိုင်ရှစ်ယွမ် "....." ဒီ​မျိုးမစစ်​ကောင်က ငါဘယ်သူလဲဆိုတာ​တောင် မသိ​သေးဘူး​ပေါ့။

"ငါက ပိုင်ရှစ်ယွမ်ပဲ" ပိုင်ရှစ်ယွမ်က အံ့ကြိတ်ကာ ဆိုလိုက်၏။

"မင်းက ဘာလို့ ဒီနာမည် မှည့်ထားရတာလဲ။ သူ့အသံထွက်က ထွက်ရတာ အရမ်းခက်တာ။ အိုး မင်းနာမည်အသံထွက်က နည်းနည်း​လေး ရင်နှီး​နေတယ်​နော်။ အား ကျွန်​တော် သတိရပြီ။ မင်းက ယွင်ရှီအဘိုးပဲ" ယဲဖန်က အပြုံးကြီးကြီးတစ်ခုကို ချက်ချင်း ချိတ်ဆွဲလိုက်သည်။

ပိုင်ရှစ်ယွမ် "....." ဒီ​ခွေး​ကောင်က​တော့။

"​ကောင်းပြီ။ အဘိုး ....."

"ဘယ်သူက မင်းအဘိုးတုန်း"

"​ကောင်းပြီ​လေ၊ လူအိုကြီး ဒီ​ကျောက်စိမ်းတုံးကို ကျွန်​တော်ဆီ ​ပေးလိုက်ပါ​နော်။ ကျွန်​တော် ဒါနဲ့ ပိုက်ဆံရှာပြီး​တော့ အနာဂတ်မှာ ​စေ့စပ်​ကြောင်းလမ်းလက်​ဆောင်အဖြစ် မင်းကို ပြန်​ပေးမှာပဲ​လေ။ မင်းအရှုံး လုံးဝမရှိပါဘူး။ ကျွန်​တော်တို့ အရမ်းနီးကပ်တယ်ဆိုကတည်းက သ​ဘောထားသေးသိမ်မ​နေပါနဲ့​တော့​"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now