အခန်း (၃၂)

1.5K 239 6
                                    

Unicode

ဝူ​ဟောက်ချန်သည် စားပွဲ​ပေါ်ရှိ ကျားဖြူတံဆိပ်တုံးကို စူးစမ်းစွာ ကြည့်ကာ ၎င်းကို လှမ်းထိလိုက်သည်။

ယဲဖန်သည် သူ့လက်ကို အမြန် ပုတ်ထုတ်လိုက်ရင်း "​ကောင်​လေး အဲ့ဒါကို မထိနဲ့"

ဝူ​ဟောက်ချန်က "ဦး​လေးဖန် လူ​တွေက အဲ့ဒါကို ဘာလို့မထိရတာလဲ" ​မေးလိုက်သည်။

"ဒီထဲမှာ ယင်ဓါတ်​တွေ ​လေးလံလွန်းတယ်" ယဲဖန်က ​ပြောသည်။

ထန်ယုံကျင်းသည် တစ်ခဏ​လောက် ထိတ်လန့်သွားကာ "သခင်​လေးယဲ ဒီကျားဖြူတံဆိပ်တုံးမှာ ပြဿနာရှိလို့လား"

ယဲဖန်သည် ​ခေါင်းငြိမ့်ရင်း "ဟုတ်တယ်။ အဓိကပြဿနာက ဒီမှာပဲ ရှိ​နေတာ။ အထဲမှာ တစ်ခုခုရှိ​နေပုံရတယ်။ မင်း ဒါကို ဖြစ်နိုင်ရင် မြန်မြန်ရှင်းထုတ်လိုက်တာ ပို​ကောင်းလိမ့်မယ်"

ထန်ယုံကျင်းသည် ​လေးနက်စွာ ဆို​လိုက်သည် "ငါ နားလည်ပါပြီ"

တံဆိပ်တုံးက ခွန်အား၏သင်္ကေတတစ်ခု ဖြစ်ကာ ထန်ယုံကျင်းသည်လည်း ကျားနှစ်ဖွားတစ်​ယောက် ဖြစ်​ပေသည်။ ဒါ​ကြောင့် သူသည် ဤတံဆိပ်တုံးအား အရမ်းနှစ်သက်ခဲ့သည်။ သူသည် အချိန်ရတိုင်း ၎င်းကို မကြာခဏထုတ်ကြည့်​ခဲ့သည်။ 

အခု​တော့ ယဲဖန်က ၎င်းကို ပြဿနာရှိ​ကြောင်း ညွှန်ပြခဲ့​လေသည်။ ထန်ယုံကျင်းသည် ယဲဖန်​ယခင်ကရွေးထုတ်လိုက်သည့် ပစ္စည်းများကို ကြိုက်​ပေမဲ့လည်း အ​ခြေခံအားဖြင့် သူသည် ၎င်းအရာများကို ထို​နေရာ၌ထားကာ တစ်ခါတစ်ရံမှ စစ်​ဆေး​ခဲ့သည်။ ဒါ​ပေမဲ့ ဒီတံဆိပ်က​တော့ မတူ​ညီပေ။ သူသည် ၎င်းကို မကြာခဏထိ​တွေ့​ခဲ့သည်။ သူသည် ထိုအရာ ရရှိကတည်းက သူ့ခန္တာကိုယ်သည် သိသိသာသာ ယိုယွင်းလာခဲ့သည်။ သူသည် ဆရာဝန်များနှင့် ပြသခဲ့​ပေမဲ့ ဘယ်သူမှ ရှင်းမပြနိုင်ခဲ့​ပေ။ 

"သခင်​လေးယဲ ဒီအရာက အန္တရယ်အရမ်းများလား" ထန်ယုံကျင်းက မဝံ့မရဲ​မေးလိုက်သည်။

ယဲဖန်က ပြုံးကာ "ဒါက မင်းထင်သလို အန္တရယ်မရှိပါဘူး။ မင်းဒါကို တိုက်ရိုက်မထိ​တွေ့သ​ရွေ့ပေါ့"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now