အခန်း (၂၄)

1.5K 233 6
                                    

Unicode

ယဲဖန်သည် ယန်​ဖေးဆီသို့ ​လျှောက်လာကာ ယန်​ဖေးက သူ့အား​ လေး​လေးနက်နက်ကြည့်ရင်း "သခင်​လေးယဲ ဘာကိစ္စရှိလို့လဲ"

"မင်း ငါ့ကို ဖတ်ခိုင်းလိုက်တဲ့​ ရှေး​ဟောင်းပုံပြင်ထဲက ​ယောကျ်ားဆယ့်ရှစ်​ယောက်ကို လက်ထပ်ထားတဲ့ မင်းသမီးကို ဒီမှာ မြှုပ်ထားတာလား" ယဲဖန်က ​မေးသည်။

ယန်​ဖေး၏မျက်ခုံးများ လှုပ်သွားကာ ကိုးရိုးကားရားဖြင့် "ဘာလို့ ဒီ​နေရာလို့ ထင်ရတာလဲ"

"အ​စောင့်ဆယ့်ရှစ်​ယောက်​လေ" တိုက်တိုက်ဆိုင်ဆိုင် ဒီမှာလဲ အ​စောင့်အကြပ်အ​ခေါင်းဆယ့်ရှစ်ခုနှင့် ပင်မအ​ခေါင်းတစ်ခုရှိ​လေသည်။

ယန်​ဖေး "....."

"ဒီ​နေရာက မင်း ငါ့ကို ပြတဲ့စာနဲ့က ကိုက်ညီ​နေတယ်" ယဲဖန်က ​ပြောသည်။

ယန်​ဖေးက သူ့ကို ထိတ်လန့်စွာ ကြည့်လိုက်သည်။ သူတို့တွေ ​တောင်​ပေါ်​တောင် မတက်ရ​သေးဘူး။ ဒီ​ကောင်က ဘယ်လိုလုပ်ပြီး သိသွားရတာလဲ။ သူ့မှာ x-ray မျက်လုံးတစ်စုံရှိ​နေတာလား။

ယဲဖန် "ဒါ အမှန်ပဲလား"

"ဟုတ်တယ်။ ဒါ အမှန်ပဲ" ယန်​ဖေးက ​ဖြေသည်။

ယဲဖန်က မျက်​မှောင်ကြုတ်ကာ "ဒါ ဆိုးတာပဲ။ မင်း ငါ့ကို ပြတဲ့စာက ဟန်မင်းဆက်က​လေ။ ဒါဆို ဒီသင်္ချိုင်းက နှစ်​ပေါင်းနှစ်​ထောင်​ကျော်​တောင် ရှိပြီလား"

ယန်​ဖေး "....." မယုံနိုင်စရာပဲ။ ဒီ​ကောင်က တစ်ခါတ​လေ အရူးလို ပြုမူ​နေ​ပေမဲ့ တစ်ခါတစ်ရံ​တော့ အရည်အချင်း​ရှိသားပဲ။

ယဲဖန်သည် သူ့​မေးကို ထိကာ "အထဲမှာသာ ဖုတ်​ကောင်​တွေရှိမယ်ဆိုရင် အဲ့ဒါက ပြဿနာကြီးသွားလိမ့်မယ်"ဟု ​ပြောလိုက်သည်။

ယန်​ဖေးက ပြုံးပြီး "ကိစ္စမရှိပါဘူး။ ငါတို့ဆီမှာ နဂါးကျား​တောင်က တာအိုပညာရှင်ကျန်း​ဝန်​ထောက် ရှိတယ်​လေ"

ယဲဖန်သည် ကျန်းဝန်​ထောက်ကို ကြည့်လိုက်ပြီး "ဟုတ်သားပဲ။ မင်း​ပြောတာမှန်တယ်။ မင်းကို သူ့ကာကွယ်ခိုင်းလိုက်။ ငါက ပိုင်ယွင်ရှီကို ကာကွယ် ဖို့ လို​သေးတယ်" ဟု ​ပြောလိုက်သည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now