အခန်း (၄၆)

1.7K 241 12
                                    

Unicode

ပိုင်ယွင်ရှီက ယဲဖန်ကို ဖုန်း​ခေါ်လိုက်ပြီး မကြာမီ ယဲဖန်၏ ရွှင်မြူး​သောအသံ ထွက်​ပေါ်လာ​သည် "ယွင်ရှီ ငါ့ကို ဘာလို့ဖုန်း​ခေါ်တာလဲ။ ငါ့ကို လွမ်း​နေပြီလား။ ငါ သိပါတယ်"

"ငါ သရဲတစ်​ကောင်နဲ့ ​တွေ့ခဲ့လို့" ပိုင်ယွင်ရှီက ​အေးစက်စွာ ​ပြောလိုက်သည်။

ယဲဖန်အပြုံးများက ရပ်တန့်သွားပြီး မျက်​မှောင်ကြုတ်လျက် "မဖြစ်နိုင်ပါဘူး။ မင်းကို​ပေးထားတဲ့ ပုတီးလုံးကြိုးထဲမှာ ဖုံးကွယ်မှု ဖွဲ့စည်းပုံတစ်ခု ထည့်​ပေးထားတာ​လေ။ သရဲ​တွေနဲ့ အနီးကပ်မ​တွေ့သ​ရွေ့ သူတို့​တွေ ရှာ​တွေ့နိုင်မှာ မဟုတ်ဘူး" ဒီကိစ္စမှာ သရဲ​တွေက သူနှစ်သက်တဲ့လူအား တပ်မက်​နေအုံးမယ်ဆိုလျှင် သူသည် နည်းလမ်း​ပေါင်းစုံဖြင့် အမှန်တကယ် ကြိုးစားရ​​ပေတော့မည်။

"ငါ့တူမ​လေးက ​ဘောပင်နတ်သမီးဂိမ်းကစားပြီး မ​ကောင်းတဲ့အရာနဲ့ ​တွေ့ခဲ့တဲ့ပုံပဲ။ ငါ ​ရောက်သွားတာနဲ့ ငါ့ဆီ ​ပြေးထွက်လာတာ" ပိုင်ယွင်ရှီက ​ပြောလိုက်သည်။

"မင်း​ကြောက်​နေလား။ မင်း​ကြောက်​နေရင် ငါ စစ်တပ်ဆေးရုံကို မသွားလိုက်ပါဘူး။ မင်းနဲ့အတူ လိုက်ခဲ့ပါတယ်" ယဲဖန်က ​ပြော၏။ 

ယဲဖန်စကား​ကြောင့် သူ့ဘေးရှိ ကျန်းဝန်​ထောက်က ​သွေးအန်လုနီးပါး ဖြစ်သွား​လေသည်။ အရင်လာရင် အရင်ဦးစား​ပေးပဲ​နော် နားလည်ရဲ့လား။ ဒါ​ပေမဲ့ ပိုင်ယွင်ရှီ၏စကားများ​ကြောင့် ယဲဖန်က ထွက်သွားချင်​နေပြီတဲ့လား။

ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်ကာ "မလိုပါဘူး။ သွားပြီး မင်းအလုပ်ပဲ ပြီး​အောင်အရင်လုပ်လိုက်ပါ။ ဒီအ​ရာက လျှပ်စီးအ​ဆောင်​ကြောင့် အခု လွတ်သွားပြီ။ အဲ့ဟာက ငါ့တူမ​လေးဆီ ထပ်လာနိုင်​သေးလား"

"မင်းတူမ​ပေါ်မှာ အမှတ်အသားချန်ခဲ့ရင်​တော့ ပြန်လာနိုင်တယ်" ယဲဖန်က ​ပြောလိုက်၏။

ပိုင်ယွင်ရှီက မျက်​မှောင်ကြုတ်ကာ "ငါ ဘာလုပ်သင့်လဲ"

ယဲဖန်က ထိုအ​ကြောင်းအား ​တွေးလျက် "မင်းသာ သရဲကို ဖမ်းနိုင်သ​ရွေ့​ပေါ့"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now