အခန်း (၁၁)

1.7K 254 2
                                    

Unicode

ယဲမိသားစု၌

ယဲယင်လန်သည် ​ရောင်ကိုင်း​နေ​သော သူမမျက်နှာကို အုပ်ထားကာ မျက်လုံးများကလည်း နီရဲ​နေသည်။

"ယဲဖန်က မင်းကို ရိုက်လိုက်တာလား" ယဲတင်းဟုန်က ​မေးသည်။ 

ယဲယင်လန်က ​ခေါင်းငြိမ့်ပြီး "အွန်း" ဟု သနားစရာ​ကောင်း​အောင် ပြောလိုက်သည်။ ဝမ်​ရှောက်​ဖေးသည် ယဲယင်လန်၏ရုပ်ကို ကြည့်ရင်း သူမနှလုံးသားက နာကျင်လာသည်။ 

"အ​ဖေ အဲ့လူယုတ်မာက ပိုပိုပြီး လူရယ်စရာဖြစ်နေပြီ။  ပြီးခဲ့တဲ့တစ်​ခေါက်တုန်းက ကြီးကြီးကျယ်ကျယ်လုပ်လိုက်တယ်။ အခုကျ​တော့လဲ သူ့ညီမကို​တောင် ရိုက်လာပြီ" ယဲဟုန်ဝမ်သည် ​ဒေါသတကြီး ​ပြောသည်။

ယဲတင်းဟုန်သည် သူ့စီးကရက်​ငွေ့ကို မှုတ်ထုတ်ကာ ယဲယင်လန်ကို ​မေးလိုက်သည် "ယဲဖန်က မင်းကို ဘာလို့ရိုက်တာလဲ။ အ​ကြောင်းပြချက်​တော့ ရှိသင့်တယ်" 

"သူ့ကို ​ဆေးဆိုင်မှာ ​တွေ့လိုက်တယ်။ သူက ဂျင်ဆင်းတစ်ခုကို ယွမ်သုံးသန်းနဲ့ဝယ်လိုက်တာ​ကြောင့် ပိုက်ဆံဘယ်ကရလဲ​မေးတာကို သူက ရိုက်လိုက်တယ်" ယဲယင်လန်သည် ရှုံတွ​​နေ​သော အမူအရာဖြင့် ​ပြောလိုက်သည်။ 

ယဲဟုန်ဝမ်သည် အနည်းငယ် စိတ်ရှုပ်​ထွေးပြီး "ယွမ်သုံးသန်းလား။ သူ ဘယ်က ပိုက်ဆံရတာလဲ" ယဲဖန်က လက်ဗလာနဲ့ မိသားစုက​နေ နှင်ထုတ်ခံထားရတာ​လေ။

"​ကောင်းပြီ။ ဒါက ယွမ်သုံးသန်းပဲ​လေ။ ဝူမိသားစုက မကြာခဏ သူ့ကို အကူအညီ​ပေးတယ်လို့ ငါကြားတယ်။ ဘယ်လိုပဲဖြစ်ဖြစ် သူက ငါတို့ယဲမိသားစုရဲ့ သားပဲ​လေ။ သူ့မှာ ယွမ်သန်းအနည်းငယ်​လောက် ရှိတာ ပုံမှန်ပဲ​လေ" ယဲတင်းဟုန်သည် ယဲယင်လန်ကို မ​ကျေမနပ်စိုက်ကြည့်ပြီး "ယဲဖန်က ငါတို့ကို ထားသွားခဲ့​ပေမဲ့ သူက မင်းရဲ့အကိုကြီး ဖြစ်​နေတုန်းပဲ။ ​နောက်တစ်ကြိမ် သူနဲ့​တွေ့ရင် ​ကောင်း​ကောင်းဆက်ဆံ" ဟု ​ပြောသည်။ 

ယဲတင်းဟုန်သည် ဝမ်​ရှောက်​ဖေးကို မကြိုက်​ပေ။ ယဲမိသားစုနှင့် ဝူမိသားစုကြားရှိ အိမ်​ထောင်​ရေးသည် မူလက ​ကောင်းမွန်​နေ​သော်လည်း ဝူယင်း​သည် ကံမ​ကောင်းစွာ ငယ်ငယ်ရွယ်ရွယ်ဖြင့် ​သေဆုံးသွား​​သောကြောင့် ယဲဟုန်ဝမ်က ဝမ်​ရှောက်​ဖေးအား သ​ဘောကျသွားလေသည်။ နှစ်​ပေါင်းများစွာ ကြာလာ​သောအခါ ယဲမိသားစုနှင့်ဝူမိသားစုကြားရှိ ဆက်ဆံ​ရေးက ပိုမို​အေးစက်လာသည်။ ဝူမိသားစုသည် ယဲဖန်အ​ပေါ် သိပ်ဂရုမစိုက်​ပေမဲ့ တစ်ခါတစ်​လေ သူ့အား​ထောက်ပံ့​ပေး​လေသည်။ 

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားWhere stories live. Discover now