အခန်း (၉၇)

1K 197 16
                                    

Unicode

ယဲဖန်သည် ပိုင်ယွင်ရှီရုံးခန်းထဲရှိ ဆိုဖာ​ပေါ်တွင် နေရာယူထားပြီး ကျင့်ကြံရန် ဝိညာဥ်​ကျောက်တုံးအား ကိုင်ထားခဲ့သည်။

"​နောက်ဆုံးအပိုင်းပဲ" ယဲဖန်သည် တွန့်ဆုတ်စွာ ​ပြောလာခဲ့သည်။

ပိုင်ယွင်ရှီက သူ့အား တစ်ချက်ကြည့်ကာ "​နောက်ကျရင် ပိုရှာလိုက်​လေ"

ယဲဖန်သည် ခါးသီးစွာ ပြုံးပြလာပြီး သူ့ကိုယ်သူ​တွေး​နေမိသည် 'ရှာရတာ လွယ်ရင် ဘယ်​လောက်​ကောင်းလိုက်မလဲ။ ဝိညာဥ်​ကျောက်တုံး​တွေက စကျင်​ကျောက်လိုမျိုး မည်သည့်​နေရာကမဆို လက်တစ်ဆုပ်စာ ဆုပ်ကိုင်လို့မှ မရတာ။ ဒါ​ပေမဲ့ ဝိညာဥ်​ကျောက်တုံးအနည်းငယ်​လောက်နဲ့ သူ့ကျင့်ကြံ​ရေးဟာဆို အ​တော်​လေးကိုတိုးတက်လာခဲ့​တာ​လေ'

"ထန်ဝူရွမ်းကိစ္စက ပြီးသွားပြီလား" ပိုင်ယွင်ရှီက ​မေးလိုက်သည်။

ယဲဖန်က မျက်​တောင်ခတ်ကာ "အွန်း ၊ ပြီးသ​လောက်ပါပဲ။ တကယ်​တော့ ​နောက်ဆုံးအဆင့်ဆို ငါ ဘာမှ​တောင် လုပ်စရာမလိုလိုက်ဘူး"

"ဘာလို့လဲ"

"ထန်ဝူရွမ်အ​​ဖေက ဘဏ်ကတ်တစ်ခု ​ကောက်ရပြီး ​​ငွေသား​တွေ ထုတ်ယူခဲ့တာ​ကြောင့် ​ထောင်ကျသွားတယ်​လေ"

"ပြီး​တော့ သူ့အကိုကြီးကလဲ သူ့ချစ်သူ​ကောင်မ​လေးကို သွားစစ်​ဆေးကြည့်လိုက်​တော့ သူမမှာ ​နောက်​ကောင်​လေးတစ်​ယောက်ရှိ​​နေပြီ။ ပြီး​တော့ သူမဗိုက်ထဲက က​လေးကလဲ သူ့ဟာမဟုတ်ဘူး။ သူ့အကိုကြီးက ​ဒေါသထွက်သွားပြီး အဲ့ဒီမိန်းမကို ရိုက်လိုက်တာ ထိခိုက်မိပြီး ကိုယ်ဝန်ပျက်ကျသွားခဲ့တယ်။ ဒါ​ပေါ့ သူမက သူ့ကို လုံးဝအလွတ်မ​ပေးခဲ့ဘူး​လေ၊ ရလဒ်အ​နေနဲ့ သူမက သူ့ကို ရည်ရွယ်ချက်ရှိရှိ ထိခိုက်နစ်နာ​စေမှုနဲ့ တရားစွဲလိုက်​တော့ ​ထောင်ကျသွားတယ်​လေ"

"ရလဒ်အ​နေနဲ့ အပြင်ဘက်မှာ တစ်​နေ့လုံးနီးပါး ငိုယို​နေတဲ့ သူ့အ​​မေတစ်​ယောက်တည်းပဲ ကျန်​တော့တယ်။ သူမက ​နေ့တိုင်း သူမ​ယောကျ်ားနဲ့ သားအတွက် စားစရာ​တွေ ပို့​ပေး​နေရတာ"

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားМесто, где живут истории. Откройте их для себя