အခန်း (၃၆)

1.5K 243 14
                                    

Unicode

​ကျောက်စိမ်းဆိုင်ထဲတွင်

"မင်းက မြို့​တော်ကို သွားချင်တာလား" ကျိုးကျင်းကျီက ​မေးလိုက်၏။

ယဲဖန်သည် ​ခေါင်းငြိမ့်ကာ "ဟုတ်တယ် ယွင်ရှီက ပျား​တွေ​ရော ပန်း​တွေကိုပါ အရမ်းဆွဲ​ဆောင်လွန်းလို့ ကျွန်​တော် သူ့ကို သွားကြည့်ရလိမ့်မယ်"

ထို​နောက် သူ့ဘာသာ ​တွေးလိုက်သည် 'သူ့ရဲ့​မွေး​နေ့နဲ့ အက္ခရာရှစ်လုံးကိုသာ မသိရင် တစ်​​ယောက်​ယောက်က အ​စောပိုင်းအဆင့်၏ သန့်စင်ယင်ခန္ဓာကိုယ်ကို ပိုင်ဆိုင်သည်ဆိုတာကို​​တော့ ဘယ်သူမျှပြောနိုင်​မှာမဟုတ်ဘူး။ ဒါ​ပေမဲ့ သန့်စင်ယင်ခန္ဓာကိုယ်ပိုင်ရှင်က ကြီးထွားလာသည်နှင့်အမျှ ၎င်းကို တဖြည်းဖြည်း ​ဖော်ထုတ်လာမည့်အပြင် ထိုသန့်စင်ယင်ခန္ဓာကိုယ်က သရဲတစ္ဆေများနှင့် တစ်ခြားမ​ကောင်းသည့်အရာများကို ဆွဲ​ဆောင်လာနိုင်ပေလိမ့်မယ်။ ပိုင်ယွင်ရှီ၏ဖွဲ့စည်းမှုကို ပြသလာသည်နှင့် သရဲတစ္ဆေ၊ နတ်ဆိုးနှင့် မ​ကောင်းဆိုးဝါးများက သူ့အား သွားရှာကြ​ပေလိမ့်မည်။
​ယေဘုယျကျကျ​ပြောရလျှင် သန့်စင်ယင်ခန္ဓာကိုယ်ပိုင်ရှင်များသည် သူတို့အသက်နှစ်ဆယ်​ရောက်လာသည်နှင့် ​၎င်းကို ဖော်ထုတ်လာလိမ့်မည်။

ပိုင်ယွင်ရှီသည် အ​တွေ့အကြုံရှိပုံ​ပေါ်​​​ပေမဲ့ သူသည် ဆယ့်ကိုးနှစ်သာ ရှိ​သေးတယ်။ သို့​သော်လည်း ​နောက်ဆုံးအကြိမ်တုန်းက ပိုင်ယွင်ရှီသည် ထိုမင်းသမီးနှင့် ဆက်သွယ်ခဲ့သည့်အချိန်မှာ ​​​ကောင်းကင်ဘုံ၏အ​တွေ့အကြုံကို ​ဖော်ထုတ်လိုက်မိ​​လေသည်။ သူသည် ထိုအ​ကြောင်းကို ​စော​စောစီးစီးသိလိုက်ရ​သော​ကြောင့် ထိုအရာများကို သွား​ရောက်စစ်​ဆေးဖို့ လိုအပ်​လေသည်။

ကျိုးကျင်းကျီက ပြုံးကာ "ပိုင်သခင်​လေးက အဲ့ဒီမှာ ​နာမည်ကြီးပုံပေါ်တယ်။ မိန်းမပျို​​လေး​တွေ အများကြီးက သူ့ကို ကြိုက်ကြတယ်​လေ။ ဒါ​ကြောင့် မြို့​တော်​ရောက်တဲ့အခါ ပိုင်ယွင်ရှီကို လက်ထပ်ချင်တယ်ဆိုတဲ့ မိုက်မဲတဲ့စကား​တွေ မ​ပြောမိ​စေနဲ့"

"ဘာလို့လဲ" ယဲဖန်က ​မေးသည်။

အရင်ဘဝက လူ​တော်​တော်များများသည် သူ့​အောင်သွယ်လုပ်ရတာကို ကြိုက်ကြသည်။ သူသည် မိန်းမနှင့် လက်ထပ်လိုက်သည့်အခါတွင်လည်း သူ့အ​မြှောင်မယားဖြစ်ချင်သည့် လူများလဲ ရှိ​သေးသည်။

သုံးလောကလုံး ခြေဦးတည့်ရာ သွားနေတဲ့ အစွန့်ပစ်ခံ သားNơi câu chuyện tồn tại. Hãy khám phá bây giờ