Chapter 1

4.8K 553 24
                                    


Chapter 1

လျိုဟော် စိတ်ရှုပ်ထွေးစွာဖြင့် နိုးထလာပြီးနောက် သူ၏ပတ်လည်တွင် အမှောင်ထု လွှမ်းခြုံထားသည်ကိုသတိပြုမိလိုက်သည်။

အမှောင်ထုနှင့် အသားကျနေသာ်လည်း စေးကပ်ကပ်ခံစားချက်မှာမူ မသတီစရာဖြစ်သည်။ လျိုဟော် မူးဝေလာသလို ခံစားရပြီး အန်ချင်လာသည်ကြောင့် လက်များဖြင့်ပါးစပ်ကို အုပ်လိုက်သည်။

ဟမ်.. လက်တွေ...

လျိုဟော် ကြက်သေသေနေမိသည်။

ကံမကောင်းစွာဖြင့်ပင် သူနိုးလာသည့်အခါ ခွန်အားများ ကုန်ခမ်းနေလေသည်။ ခန္ဓာကိုယ်တစ်ခုလုံး နွမ်းနယ်လျက်ရှိပြီး နောက်ထပ်တစ်ဖန် အိပ်မောကျသွားလေသည်။

လျိုဟော်အိပ်မက်ထဲတွင် စက်ဘီးတစ်စီးသည် သူ့အားတိုက်ကာ ထွက်ပြေးသွားသည်ဟု အိပ်မက်မက်ခဲ့သည်။ ဆေးရုံတွင် တွေ့ရှိရသည့်အရာမှာ သူ့အားများစွာ အံ့အားသိစေမိသည်။ အနည်းငယ်မျှ ပွန်းပဲ့ရုံလောက်သာ ဒဏ်ရာရရှိခဲ့ခြင်း ဖြစ်သည်။ သူသည် ဆရာဝန်၏ ညွှန်ကြားချက်အောက်တွင်ရှိနေဆဲဖြစ်သည်။

လျိုဟော်မှာ မိဘမဲ့တစ်ယောက် ဖြစ်ကာ အလုပ်လုပ်ရန်အတွက် ဂျူနီယာအထက်တန်းကျောင်းမှ ထွက်ခဲ့ရသည့်အား သူ့ကိုယ်သူ သနားမိသည်။ ဆေးရုံတွင်လည်း သူ့အား ဂရုစိုက်ပေးမည့်သူ တစ်ဦးတစ်လေမျှပင် မရှိချေ။

သူနှင့်ရင်းနှီးသော ဆက်ဆံရေးရှိသည့် တစ်ဦးတည်းသောသူမှာ အခန်းအတူငှားနေသည့် အခန်းဖော်သာလျှင် ဖြစ်သည်။ ထို့ကြောင့် အရသာရှိသည့် ဆန်ပြုတ်အနည်းငယ်ကို ရရှိလေသည်။ လျိုဟော်ပျော်ရွှင်စွာဖြင့် မျက်လုံးများမှိတ်လိုက်ပြီး ပါးစပ်အား ကျယ်လောင်စွာဟကာ ရှေ့ဆက်လိုက်သည်။

အရမ်းနာကျင်တယ်..

နာကျင်မှုကြောင့် မျက်လုံးမှ မျက်ရည်များကျဆင်းလာသည်ကို လျိုဟော်ခံစားမိသည်။ သူ၏ အခန်းဖော်အား ပြစ်တင်ကြိမ်းမောင်းရန် မျက်လုံးဖွင့်လိုက်သည်။ လူတစ်ယောက်အား ဆန်ပြုတ်တိုက်ရန် မည်မျှခက်ခဲနေရသနည်း။

သို့သော် သူ၏မျက်လုံးများ ပွင့်လာပြီးသည့်နောက်တွင် ကြောင်အသွားမိတော့သည်။ အမှောင်ထုလား။ နောက်ဆုံးအကြိမ် သူနိုးထလာခဲ့စဉ်မှ မှတ်ဉာဏ်များ ခေါင်းထဲသို့ ပြန်ရောက်လာခဲ့သည်။ မှန်၏။ သူအိပ်မောကျနေစဉ်အတွင်း သူ့အား အမှောင်ထုမှ ဝန်းရံထားသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now