Chapter 17

2.2K 461 4
                                    


Chapter 17

ယင်ရှောင်ယိနှင့် ယင်ရှောင်စစ်တို့ နှစ်ကောင်သား ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေတွင် ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိ ဖြစ်နေသည်။ ဟွားရှောင်ဝူနောက်သို့ ပြေးလိုက်နေသော ယင်ရှောင်ရှောင်း  မောလာသောကြောင့် လက်လျှော့ပြီး တစ်ခဏမျှ နားနေရသည်။

ရှောင်ရှောင်းနှင့် ဟွားရှောင်ဝူတို့၏ အခြေအနေကို အကဲခတ်နေရ၍ ယင်ရှောင်စစ်၏ အလစ်တိုက်ခိုက်မှုကို ယင်ရှောင်ယိ ခုခံကာကွယ်ချိန် မရလိုက်ပေ။ ထိုသို့နှင့် နှစ်ကောင်သား သူတစ်ပြန် ကိုယ်တစ်ပြန် လုံးထွေးသတ်ပုတ်ကာ ကိုက်နေကြသည်။

"ယင်ရှောင်ယိ... မင်းကငါ့ကို တကယ်ကိုက်ရဲတယ်ပေါ့လေ"

ယင်ရှောင်စစ်မှာ အော်ဟစ်ဆဲဆိုရင်း ယင်ရှောင်ယိအား ပြေးလိုက်တော့သည်။ တစ်ကောင်နှင့်တစ်ကောင် ကိုက်ခဲပြီး စိန်ပြေးတမ်းဆော့နေကြသည့် ယင်ရှောင်ယိနှင့်ယင်ရှောင်စစ်ကိုကြည့်ရင်း ရှောင်ရှောင်းငိုချင်လာသည်။

ဘာလဲဟ... တစ်ကောင်နဲ့တစ်ကောင် ကိုက်ပြီးဆော့ရအောင်... ဘယ်လိုသောက်ကျိုးနဲကစားနည်းကြီးလဲ။ ထူးထူးဆန်းဆန်း ဆော့ကစားနည်းကြီးကြောင့် ယင်ရှောင်ရှောင်း စိတ်ဆင်းရဲသွားသည်။ ထို့နောက် ဟွားရှောင်ဝူအား စူးစူးစိုက်စိုက်ကြည့်ရင်း ပြောလိုက်သည်။

"ဒီမှာ.. ဝူကောကော... တစ်ခါတည်း ပြောထားလိုက်မယ်နော်... သားကိုလာကိုက်ရင်... ပါပါးနဲ့တိုင်မှာ... ကောကောကိုလည်း ပါပါးနဲ့ကိုက်ခိုင်းမှာ... ဘာမှတ်နေလဲ... ကြပ်ကြပ်သတိထားနေ"

ဟွားရှောင်ဝူ အီလည်လည်ဖြစ်သွားသည်။ သူတို့မြွေပွေးမျိုးနွယ်စုက ဤသို့သော ကစားနည်းမျိုးကို အစဥ်အလာမပြတ် ကစားလာကြခြင်းဖြစ်ပြီး မည်သူမှ မကန့်ကွက်ကြချေ။ ရှောင်ရှောင်းက ဘာလို့ဒီလောက်တောင် ဖြစ်ပျက်နေရတာလဲ။ ပါပါးနဲ့ သူ့ကိုခြိမ်းခြောက်တဲ့အထိ ဖြစ်စရာလိုလို့လား။ တကယ်က ဒီကစားနည်းကို အမဲလိုက်ရာတွင်ကျွမ်းကျင်မှုရှိစေရန် လေ့ကျင့်သည့်အနေဖြင့် ကစားကြခြင်းဖြစ်သည်။

သို့သော် ငိုတော့မလို ပြိုတော့မလိုမျက်နှာနှင့် တရှူးရှူးတရှားရှား ဒေါသထွက်နေသော ယင်ရှောင်ရှောင်းကြောင့် သူလည်းထပ်ပြီး အတွန့်မတက်ရဲပေ။ အောင့်သက်သက်နှင့် ဆော့ကစားနေသော မြွေငယ်နှစ်ကောင်ဆီသို့သာ ဦးတည်သွားလိုက်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Tahanan ng mga kuwento. Tumuklas ngayon