Chapter 72 🐍

1.1K 194 3
                                    

🐍Chapter 72

နောက်တစ်နေ့ မနက်စောစောတွင် မြွေတစ်ကောင်ပြီးတစ်ကောင် ထလာကြသည်။ ယင်ရှောင်ရှောင်းဆီမှ လုံးလုံးလျားလျား ခြိမ်းခြောက်ခံထားရသောကြောင့် မော့လောင်တလည်း ကျန်မြွေများအားလုံးအတွက် အင်တင်တင်နှင့် အစာရှာထွက်ရန် ပြင်တော့သည်။

"စစ်ကောက... ဒီတစ်ခေါက်ကျတော့... ဘာလို့လန်စန်းစန်းကို ပြန်ခေါ်မလာတာလဲ"

ယင်ရှောင်ရှောင်းက ယင်ရှောင်စစ်ကို မျက်နှာချိုသွေးကာ ပြုံးပြပြီး ပြောလိုက်သည်။

သို့သော် ယင်ရှောင်စစ်က နဂိုအတိုင်း မျက်နှာအမူအရာ တစ်ချက်မှမပြောင်းလဲဘဲ ခပ်တည်တည်နှင့်ပင်။

"လန်စန်းစန်းက သူ့မိဘအိမ်ဆီ ပြန်သွားပြီ... ဦးဦးရှုနဲ့ ဦးဦးဟုန်တို့ ပြန်လာလို့လေ"

"အော်...အဲဒီလိုလား"

ယင်ရှောင်ရှောင်းလည်း အံ့သြသွားသည့်နှယ် ခေါင်းတစ်သွင်သွင် ညိတ်ပြလိုက်သည်။

"ရှောင်ရှောင်း... ဒီဝူကောကောလည်း အနာဂတ်လက်တွဲဖော်ကို ရှာတွေ့ပြီနဲ့တူတယ်"

ယင်ရှောင်ရှောင်းနှင့် ယင်ရှောင်စစ်တို့၏ စကားဝိုင်းထဲသို့ ဟွားရှောင်ဝူက ကြားဖြတ်ဝင်ပြောလာသည်။

"ဟင်...ဟုတ်လား...ဘယ်သူလဲ"

ယင်ရှောင်ရှောင်း အသက်မဲ့စွာဖြင့် ပြန်မေးလိုက်မိသည်။ ဟွားရှောင်ဝူက အခုအချိန်အထိ နည်းနည်းလေးမှ အလိုက်မသိတတ်ပေ။ စစ်ကောကိုမျက်နှာချိုသွေးကာ ကပ်ဖားကပ်ယားလုပ်မလို့ရှိသေး။ ဟွားရှောင်ဝူက ကဖျက်ကယက် ဝင်လုပ်နေပြန်သည်။

"အွန်း...ဟိုဟုန်မျိုးရိုးထဲက မြွေမသေးသေးကွေးကွေးလေးလေ"

ဟွားရှောင်ဝူက ယုံကြည်ချက်အပြည့်နှင့် ထုတ်ပြောလာသည်။

"အော်...အဲဒီဟုန်မြွေလေးကို ပြောတာလား.. အင်း...မဆိုးပါဘူးလေ"

ယင်ရှောင်ရှောင်းလည်း ထိုမျှသာခွန်းတုံ့ပြန်ကာ သူတို့အနားမှ ထွက်သွားသည့် ယင်ရှောင်စစ်နောက်သို့လိုက်ရန် ပြင်လိုက်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now