Chapter 35🐍

2.2K 380 17
                                    


Chapter 35

ယခုအခါတွင် ယင်ရှောင်ရှောင်း အသားစားနေပြီဖြစ်သော်လည်း သူ၏ ညီအစ်ကိုများနှင့် နှိုင်းယှဉ်သည့်အခါတွင် နှစ်ဆိုဒ်မျှသေးကာ ၁၀ စင်တီမီတာခန့် တိုနေဆဲဖြစ်သည်။ သို့သော်လည်း သူမွေးဖွားလာစဉ်ကနှင့် နှိုင်းယှဉ်လျှင်မူ ကောင်းကောင်းဖွံ့ဖိုးလာသည်ဟု ဆိုနိုင်သည်။ သို့သော်လည်း မော့လောင်တနှင့် ဆုံလျှင်မူ ဤသို့သာ ပြောပေလိမ့်မည်။

“မင်းက အသက် ၁၀ နှစ်လား.. ဟားဟား.. ငါကြည့်တာတော့ ၇ နှစ် ၈ နှစ် ကလေးအရွယ်ပါကွာ.. သွားတဲ့နှုန်းကလည်း ၅ နှစ် ၆ နှစ်သားလောက်လေးနဲ့..”

ယခုအချိန်မှာ ယင်ရှောင်ရှောင်း၏ အထိမခံသည့်အရာအား ပြောဖို့ရန် အချိန်ကောင်း မဟုတ်ချေ။ ထိုအထိမခံသည့်အရာမှာ သူ၏ ‘ရွေ့လျားနှုန်း’ ပင် ဖြစ်သည်။ ထို ‘ရွေ့လျားနှုန်း’ ဆိုသည့်အရာမှာ ယင်ရှောင်ရှောင်း၏ ထာဝရ အထိမခံသည့်အရာ ဖြစ်လိမ့်မည်။ ယင်ရှောင်ရှောင်း နားမလည်နိုင်ချေ။ သူ့အနေဖြင့် အသက် ၁၀ နှစ်သား ရှိပြီဖြစ်သော်ငြား ခန္ဓာကိုယ်အရွယ်အစားမှာမူ ၇နှစ် ၈ နှစ်ခန့်ဟုသာ ထင်ရသည်။ သို့သည်တိုင် သူ၏ ‘ရွေ့လျားနှုန်း’ မှာ မည်သည်ကြောင့် ၅ နှစ် ၆ နှစ်သား လောက်သာ ရှိရသနည်း။

ထိုသို့ဖြစ်ရခြင်းမှာ အလွန်အမင်း တက်ကြွလွန်းသည့် ဟွားရှောင်ဝူကြောင့်သာ ဖြစ်ရမည်။ မြွေကလေးများ အားလုံးတို့တွင် ဟွားရှောင်ဝူ၏ ရွေ့လျားနှုန်းနှင့် ခုန်နိုင်စွမ်းတို့မှာ အကောင်းဆုံးဖြစ်သည်။ အားလုံးသိကြသည်မှာ ဟွားရှောင်ဝူသည် ယင်ရှောင်ရှောင်းနောက်သာ အမြဲတမ်း လိုက်နေတတ်သည်။ ယင်ရှောင်ရှောင်းမှာ သုံးလခန့် စိတ်ထဲတွင် ကြိုးစားဖျောင်းဖျနေရသည်။ ‘ငါက စိတ်ကူးယဥ်နေမိတာ.. ငါက ငါ့နားမှာရှိတဲ့ လူတွေအကြောင်း စိတ်ကူးယဥ်နေတာ..’ ဟွားရှောင်ဝူမှာမူ သူ၏ အလျင်နှင့် ခုန်နိုင်စွမ်းတို့ကို ယင်ရှောင်ရှောင်းအား ကြွားဝါးနေလေသည်။ ယင်ရှောင်ရှောင်း ပေါက်ကွဲတော့သည်။

ထိုအခြင်းအရာမှာ ဟွားရှောင်ဝူ၏ သက်တမ်း အနှစ် ၂၀၀ အတွင်း အကြီးမားဆုံး အမှားတစ်ခု ဖြစ်လာနိုင်လေသည်။ ဟွားရှောင်ဟွားနှင့် ယင်တပိုင်တို့မှာ ယင်ရှောင်ရှောင်း၏ ပေါက်ကွဲမှုအား မတားရဲကြချေ။ ယင်ရှောင်ရှောင်းမှာ ဟွားရှောင်ဝူအား သုံးလတိတိ နောက်ကျောအားခုံးကာဖြင့် တီကောင်တစ်ကောင်ကဲ့သို့ သွားရန် ဖိအားပေးလေသည်။ ဟွားရှောင်ဝူမှာ သုံးရက်ခန့် ကြိုးစားခဲ့သော်ငြား တီကောင်တစ်ကောင်ကဲ့သို့ မည်သို့သွားရမည်ကို သင်ယူနိုင်ခြင်း မရှိချေ။ ထို့နောက်တွင် ဟွားရှောင်ဝူ စိတ်ဆိုးမာန်ဆိုးဖြင့် ယင်ရှောင်ရှောင်းအား အော်လေသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now