Chapter 20

2.2K 415 4
                                    


Chapter 20

မှောင်ရီပျိုးစအချိန်တွင် ယင်ရှောင်ရှောင်းအပါအဝင် မြွေမိသားစုတစ်ခုလုံး သူတို့၏ အသိုက်အမြုံလေးဆီသို့ ပြန်ကြလေသည်။ ညစာစားပြီးချိန်ဖြစ်၍ အလောတကြီးမပြန်ဘဲ အေးအေးလူလူ အရှိန်လေးနှင့်သာ သွားနေကြသည်။

ခါတိုင်းလိုပင် ဟွားရှောင်ဝူက ယင်ရှောင်ရှောင်းအား အနှောင့်အယှက်ပေးနေဆဲပင်။ ဘေးကနေ တတွတ်တွတ် ဘာတွေလာပြောလို့ ပြောနေမှန်းမသိ။ ဒီလိုမှန်းသာသိခဲ့ရင် အစောပိုင်းတုန်းက သနားပြီး ငှက်ဥမကျွေးလိုက်သင့်ဘူး။ ဟွားရှောင်ဝူက ယင်ရှောင်ရှောင်းအနားတွင် တောက်တဲ့ကပ်သလို  ခွာမရအောင် ကပ်နေသည်။

ဟွားရှောင်ဝူဆိုသည်မှာလည်း ယင်ရှောင်ရှောင်းမျက်နှာကို တစ်ကမ္ဘာထင်နေတတ်သူပင်။ အစောပိုင်းက သူ့ကိုမျက်နှာသာပေးထားသောကြောင့် ရှောင်ရှောင်းအနား ဤသို့ကပ်ရဲခြင်းဖြစ်သည်။

နောက်တစ်နေ့မနက် ယင်ရှောင်ရှောင်းအိပ်ရာနိုးလာချိန်တွင် ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့နှစ်ကောင် ပျောက်ချင်းမလှပျောက်နေသည်ကို သတိထားမိသွားသည်။ ဂူအနက်ပိုင်းထဲသို့ တစ်ချက်လှမ်းကြည့်လိုက်ကာမှ ယင်တပိုင်နှင့်ဟွားရှောင်ဟွားတို့ တစ်ကောင်ပြီးတစ်ကောင် တိတ်တဆိတ်ထွက်လာကြသည်။

ဒီကနေ့တော့ ယင်တပိုင်နှင့်ဟွားရှောင်ဟွားက ကျားသားမိုးကြိုးနှစ်ယောက်အတူတူ ငှက်ဥရှာထွက်ကြလေသတဲ့။ တစ်နေ့လုံး တစ်ပူးတွဲတွဲနှင့် ချစ်ကြည်နူးတစ်တီတူးနေသည့်မြွေ နှစ်ကောင်ကိုကြည့်ရင်း ယင်ရှောင်ရှောင်း ခေါင်းကိုတစ်သွင်သွင်သာခါနေမိသည်။

ပိုပြီးထူးဆန်းသည့်အရာက ဒီနေ့တစ်နေ့လုံး အဆော့မက်သည့် မြွေငယ်များလည်း အပြင်ထွက်ကစားရန် စကားတစ်ခွန်းမှမဟကြပေ။ မနေ့က မျောက်ရှုံးအောင် ဆော့ကစားထားသောကြောင့် ပင်ပန်းနေကြခြင်း ဖြစ်မည်ဟုသာ ရှောင်ရှောင်းဖြည့်တွေးလိုက်သည်။ သို့သော်မှုန်မှိုင်းနေသည့် ဂူထဲတွင်တစ်နေကုန်နေရသည်က မလွယ်ကူလှပေ။ ကြာတော့သူတို့ပါ ထိုင်းမှိုင်းလေးတွဲ့လာသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Место, где живут истории. Откройте их для себя