Chapter 70 🐍

1.1K 222 3
                                    

🐍Chapter 70

ရွေးချယ်မှုစတင်တော့မည့် အချိန်တွင် ကိုယ်စားလှယ်လောင်းအနေနှင့် မော့လောင်တနှင့် မော့တာမော့တို့သာ ကျန်ရှိတော့သည်ကို သိလိုက်ရသဖြင့် ပတ်ပတ်လည်ရှိ မော့မြွေများအားလုံး အံ့အားသင့်နေကြလေသည်။ ခေတ္တမျှ ကြာပြီးသည့်နောက်တွင် တီးတိုးဆွေးနွေးမှုများ မြင့်တက်လာပြန်သည်။

လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ မျက်လုံးများမှာ မကျေနပ်မှုတို့ ရှိနေသည်။ အကြိမ်အနည်းငယ်ခန့် ချောင်းဟန့်လိုက်ပြီး အခြေအနေအား ဝင်ထိန်းလိုက်သည်။

“နုတ်ထွက်ချင်တဲ့ ကိုယ်စားလှယ်လောင်း မရှိတော့ဘူးဆိုတော့ မျိုးနွယ်စုခေါင်းဆောင်ရွေးချယ်ပွဲ စတင်ပါပြီ..”

မျိုးနွယ်စုခေါင်းဆောင် မှ ခေတ္တရပ်ပြီး ဆက်လက်ပြောသည်။

“ရှိနေတဲ့ မြွေအားလုံးက ရွေးချယ်ပွဲရဲ့ လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီးတော့ ရှင်းရှင်းလင်းလင်း သိရှိထားကြပြီး ဖြစ်ပေမဲ့လည်း လုပ်ငန်းစဉ်အတိုင်းပဲ ဆက်သွားပါမယ်.. မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲကို အဆင့် သုံးဆင့် ခွဲထားတယ်.. ပထမအဆင့်ကို ကျော်ဖြတ်ပြီးနောက်မှ ဒုတိယအဆင့်ကို တက်နိုင်မှာ ဖြစ်ပြီး ဒုတိယအဆင့်ကို ကျော်ဖြတ်ပြီးမှ တတိယအဆင့်ကို သွားနိုင်မှာပဲ ဖြစ်တယ်..”

မျိုးနွယ်စုခေါင်းဆောင် ရွေးချယ်ပွဲ၏ လုပ်ငန်းစဉ်များမှာ အမှန်ပင် ထိုအတိုင်းဖြစ်သော်လည်း ယင်ရှောင်ရှောင်းမှလွဲ၍ ကျန်မြွေအားလုံးတို့သည် ယခုနှစ်တွင် မော့မြွေနှစ်ကောင်သာ ‌ရွေးချယ်ခံမည် ဖြစ်သဖြင့် တတိယအဆင့်သို့ တိုက်ရိုက်ကျော်သွားမည်ကို သိရှိထားကြလေသည်။ ပထမအဆင့်တွင် မော့မြွေတစ်ကောင်အား ထုတ်ပယ်ဖို့ရန် လိုအပ်လေသည်။

“ပထမအဆင့်မှာ ကိုယ်စားလှယ်လောင်းတွေက အချင်းချင်း တိုက်ခိုက်ကြရမယ်.. အနိုင်ရဖို့အတွက် ပြိုင်ဘက်ရဲ့ နှလုံးသားကို အစွယ်နဲ့ ထိုးစိုက်ရမယ်.. အဲဒီအချိန်မှာ ပြိုင်ပွဲက အဆုံးသတ်မှာပဲ ဖြစ်တယ်..”

လက်ရှိမျိုးနွယ်စုခေါင်းဆောင်၏ အပြောအဆို အမူအရာမှာ တည်ငြိမ်အေးဆေးလို့နေသည်။ ထို့နောက် မော့လောင်တနှင့် မော့တာမော့တို့အတွက် နေရာလွတ်ချန်ကာ မော့မြွေများရှိရာသို့ ပြန်ဆုတ်သွားလိုက်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now