Chapter 45🐍

1.9K 349 3
                                    


Chapter 45

ရတနာများအား ရှာဖွေရန် မစောင့်နိုင်တော့သဖြင့် ယင်ရှောင်ရှောင်း အလယ်တံခါးချပ်ရှေ့တွင် ရပ်လိုက်သော်လည်း ရုတ်တရက် တုံ့ဆိုင်းလာမိသည်။ ယင်ရှောင်ရှောင်း ကျောက်တံခါးအားဖွင့်ရန် နည်းလမ်းရှာဖွေလိုက်သည်။ ယခင်နည်းလမ်းမားကဲ့သို့ ယင်ရှောင်ရှောင်း တံခါးအောက်ခြေတွင် ရှာဖွေလိုက်သည်။

အာ.. မရှိဘူးဘဲ..

ယင်ရှောင်ရှောင်း ခေတ္တမျှ ငေးငိုက်နေမိသည်။ တံခါးဖွင့်ရန် နည်းလမ်းမှာ ယခင်အတိုင်း ဖြစ်မည်ဟု ထင်ခဲ့မိခြင်း ဖြစ်သော်လည်း အလယ်တံခါးချပ်မှာ ကျန်တံခါးများနှင့် ကွဲပြားလေသည်။ ယင်ရှောင်ရှောင်းမှာ လက်မလျော့နိုင်သည်ကြောင့် တံခါးဖွင့်နိုင်ရန် ဆက်လက်ရှာဖွေနေမိသည်။

နာရီဝက်ခန့် ရှာဖွေပြီးသည့်တိုင် ယင်ရှောင်ရှောင်း ရှာမတွေ့ခဲ့ချေ။ ယင်ရှောင်ရှောင်း စိတ်ဓာတ်ကျလာမိသည်။

ဒီတံခါးကို ဖွင့်ဖို့က တံခါးအောက်ခြေမှာ မဟုတ်တာများလား.. တံခါးထိပ်ကိုလည်း တက်သွားမကြည့်နိုင်ဘူးလေ.. ဘယ်လိုလုပ်ရပါ့မလဲနော်..

သို့သော်လည်း ယင်ရှောင်ရှောင်း အချိန်ကြာမြင့်စွာ မစဉ်းစားလိုက်ရပေ။ အခန်းအတွင်း၌ ရှိနေသည့် ရွှေငွေများအားယူကာ တံခါးရှေ့တွင် ပုံထားလိုက်မည်။ ထို့နောက် ရွှေငွေများပေါ်သို့ တက်ကာဖြင့် တံခါးထိပ်သို့ ကြည့်နိုင်မည် ဖြစ်သည်။ သို့သော်လည်း ယင်ရှောင်ရှောင်းမှာ ထိုကျောက်တုံးများအား ရွှေ့နိုင်လောက်သည်အထိ သန်မာခြင်း မရှိပေ။ ထိုကျောက်တုံးများအား ရွှေ့နိုင်သည့်တိုင် တစ်ခုနှင့်တစ်ခု ဆင့်စီရန်မှာ မဖြစ်နိုင်ချေ။

ယင်ရှောင်ရှောင်းမှာ စိုးရိမ်စွာဖြင့် သူ၏ခေါင်းအား အမြီးဖြင့် ပွတ်လိုက်သည်။ ဘာလုပ်ရမလဲနော်..

“ဟား..”

ဟမ်.. အခု ‘လူတစ်ယောက်’ ရယ်လိုက်တာများလား..

ယင်ရှောင်ရှောင်း၏ အမြီးမှာ သူ၏ခန္ဓာကိုယ်နောက်သို့ ပြန်ရောက်သွားသည်။ ထို့နောက် အားစိုက်ကာ နားထောင်ကြည့်လိုက်သည်။ ကံမကောင်းစွာဖြင့် အချိန်အတော်ကြာ နားထောင်သည့်တိုင် မည်သည့်အသံကိုမျှ မကြားရချေ။ ယင်ရှောင်ရှောင်း စိတ်ဆိုးမာန်ဆိုးဖြင့် မြေပြင်ပေါ်သို့ ဆင်းလိုက်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now