Chapter 75 🐍

1K 172 3
                                    

🐍Chapter 75

မြွေပွေးများက အလွန်ရှည်ကြာသည့် ဘဝသက်တမ်းရှိသောကြောင့် တစ်စုံတစ်ခုက သူတို့၏ အေးချမ်းတည်ငြိမ်သော နေ့ရက်များကို ဖျက်စီးလိုက်လျှင် ငြိမ်ဝပ်ပိပြားမှုကို ချက်ချင်းပြန်လည် တည်ဆောက်နိုင်သော်လည်း တစ်နေ့တစ်နေ့ ဘာမှလုပ်စရာမရှိသော သူတို့အဖို့ ထိုအရာများကို ပြောလို့မဆုံးနိုင် ဖြစ်နေသည်။

မည်သို့ပင်ဆိုစေ လူသားများက အကာအရံစည်းကို လွန်ခဲ့သော ဆယ်စုနှစ်ပေါင်းများစွာတည်းက ချိုးဖောက်ဝင်ရောက်ခဲ့ကြသော်လည်း တကယ့်လက်တွေ့တွင် ထွေထွေထူးထူးကိ စ္စတစ်စုံတစ်ရာမှ မရှိခဲ့ပေ။ ထို့အတူတောင်ပေါ်မှ ယခုထိတိုင်အောင် ထွက်မသွားသေးသည့် ယင်ရှောင်ရှောင်းနှင့် မော့လောင်တ အပေါ်တွင်လည်း ကြီးကြီးမားမား အကျိုးသက်ရောက်မှုမရှိပေ။

ပထမဆုံးအကြိမ် မြွေနှင့်လူသားအကြား အကာအရံစည်းကို ချိုးဖောက်ခဲ့ကြသူများမှာ ကျိုးမင်းဆက်၏ ဂူသင်္ချိုင်းဟောင်းကို ဖောက်ထွင်းဝင်ရောက်ခဲ့သူများ ဖြစ်သည်။ သူတို့ချိုးဖောက်ဝင်ရောက်ခဲ့သည့် နေရာက နေရာကောင်းတစ်ခု မဟုတ်ပေ။ ထိုအချိန်တွင် လုမြွေနှင့်ဟွမ်မြွေတို့က မိတ်ဖက်အခမ်းအနားကို ကျင်းပနေကြခြင်း ဖြစ်သည်။

လုမြွေနှင့်ဟွမ်မြွေတို့က ရှေးပဝေသတီတည်းကပင် ရေစက်ပါလာကြသူများဖြစ်သည်။ ပျော်ရွှင်စိတ်လှုပ်ရှားစွာဖြင့် မိတ်ဖက်အခမ်းအနား ကျင်းပနေကြချိန်တွင် ထိုဂူဖောက်ထွင်းသူ လူတစ်သိုက်က အကာအရံစည်းကို  ချိုးဖောက်ကာ ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာသည်။ မြွေပေါင်းများစွာကို တစ်စုတစ်စည်းတည်း မြင်လိုက်ရသောကြောင့် လူသားများလည်း ထိတ်လန့်သွားကြသလို မြွေမျိုးနွယ်များအားလုံးလည်း ဇဝေဇဝါဖြစ်သွားကြသည်။ အထူးသဖြင့် မဖိတ်ခေါ်ထားသည့် ဧည့်သည်များကြောင့် ကမူးရှူးထိုးဖြစ်သွားသူမှာ မြွေပွေးများပင်ဖြစ်သည်။

လူသားများကလည်း သတိတကြီးနှင့် မြွေများဆီသို့ တဖြေးဖြေး ချဥ်းကပ်သည်။ ဟွမ်မြွေတစ်ကောင်အနီးသို့ ရောက်သွားချိန်တွင် ဂူဖောက်ထွင်းသူတစ်ယောက်က သေနတ်တစ်လက်ကို ထုတ်ကာ ခေါင်းတည့်တည့် ချိန်လိုက်သည်။ သို့သော် သေနတ်တစ်လက်က ဟွမ်မြွေတစ်ကောင်ကို အသေသတ်ဖို့ မလုံလောက်ချေ။ အပေါ်ယံအရေခွံသာ ကွဲထွက်သွားပြီး သွေးလန့်မှုကြောင့် သတိလစ်ရုံမျှသာ ဖြစ်သွားသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now