Chapter 44🐍

1.8K 337 5
                                    


Chapter 44

သင်္ချိုင်းဟောင်းထဲရှိ အမှောင်ထုမှာ မြွေတစ်ကောင်အား ကြောက်ရွံ့စေနိုင်သော်ငြား အရိုးခြောက်များနှင့် ဦးခေါင်းများ၏ လိုက်လံဖမ်းဆီးခြင်း ခံခဲ့ရသည့် ယင်ရှောင်ရှောင်းအတွက်မူ အမှောင်ထုမှာ ထိုမျှလောက် ကြောက်မက်ဖွယ် မကောင်းတော့ချေ။

ယင်ရှောင်ရှောင်း နေရာတွင် ရပ်ကာဖြင့် ပင့်သက်ရှိုက်နေလိုက်သည်။ သူ၏စိတ်ထဲ၌ တိတ်တိတ်လေး ကျိန်ဆိုမိသည်မှာ ဤနေရာမှာ ထွက်သွားပြီးသည့်နောက်တွင် သူ၏ကြံခိုင်မှု တိုးမြင့်လာစေရန် လေ့ကျင့်ခန်း မှန်မှန်လုပ်မည် ဖြစ်ပြီး တဟေးတန် သွားလေရာ တကောက်ကောက် လိုက်ပါတော့မည် ဟူ၍ပင်။ ယင်ရှောင်ရှောင်း သတိရှိရှိဖြင့် ပတ်ဝန်းကျင်အား ကြည့်လိုက်သည်။ မြွေများ၏ မျက်စိမှာ ညအချိန်တွင် လူသားများထက် ပိုကောင်းလေသည်။

ယင်ရှောင်ရှောင်း ကြည့်နေရင်းဖြင့် လက်ရှိရောက်ရှိနေသည့် နေရာမှာ အတော်ကျဉ်းကာ ချောမွေ့မှုလည်း မရှိကြောင်း သိလိုက်ရသည်။ သူရောက်နေသည့် နေရာမှာ ပိုက်လုံးတစ်ခုနှင့်တူပြီး ခပ်ရွှေရွှေအနေအထား ဖြစ်လေသည်။ ယခုအချိန်တွင် ယင်ရှောင်ရှောင်းမှာ ပိုက်အခြေ၌ ရောက်နေခြင်းဖြစ်သည်။ ဤနေရာမှ ထွက်ခွာလျှင် အပေါ်သို့တက်ရန်လိုသည်။

ယင်ရှောင်‌ရှောင်း ခေတ္တတုံ့ဆိုင်းနေပြီးနောက် စတင်တက်တော့သည်။ လတ်တလောတွင် ဤနည်းလမ်းတစ်ခုသာ ရှိလေသည်။ ယခုလေးတင် လွတ်လာခဲ့သည့် နေရာအား ပြန်မသွားချင်ပေ။ ထိုနေရာနှင့် နှိုင်းစာလျှင် ဤလမ်းကြောင်းကသာ ပိုကောင်းသေးသည်။

မည်မျှကြာအောင် တက်ရမည်ကို ယင်ရှောင်ရှောင်း မသိချေ။ အလင်းရောင်မြင်ရသည့်အခါတွင် ယင်ရှောင်ရှောင်းမှာ ကယ်တင်ခြင်းခံရပြီဟု ယုံကြည်လိုက်တော့သည်။ အရှိန်မြင့်လိုက်ပြီးနောက် ပိုက်လုံးနှင့်တူသည့် နေရာမှ အလျင်စလို  ထွက်လိုက်သည်။ အလင်းရောင်နှင့် ထိတွေ့မိသည့်အခါ ပတ်ဝန်းကျင်အား ဂရုတစိုက် ကြည့်လိုက်မိသည်။ ထိုအခါတွင် သူရောက်နေသည်မှာ ယခုလေးတင် ဖြတ်ကျော်ခဲ့သည့် ဒုတိယမူသောင် ဖြစ်နေသည်ကို တွေ့လိုက်ရလေသည်။ ထိုမျှသာမကဘဲ ယင်ရှောင်ရှောင်းမှာ မူသေး၏ အဆုံးဘက်တွင် ရှိနေခြင်းဖြစ်သည်။ ယင်ရှောင်ရှောင်း နောက်ပြန်ကြည့်လိုက်သည်။ သူ့အား လဲကျသွားစေသည့် အရာမှာ နဂိုမူလ အခြေအနေသို့ ပြန်လည်ရောက်ရှိနေပြီ ဖြစ်သည်။ မြွေတစ်ကောင်မှာ ဆိုးရွားလှသည့် နေရာတစ်ခုသို့ ရောက်ရှိလို့နေလေပြီ။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now