Chapter 38🐍

2.6K 435 42
                                    


Chapter 38

ယင်ရှောင်ရှောင်း အိပ်မက်မှ နိုးလာပြီး မှင်တက်နေမိသည်။ ရုတ်တရက်ဆိုသလို သူ၏အရှေ့ရှိ အနီရောင် မီးပုံးကြီး နှစ်လုံးအား မြင်လိုက်ရသဖြင့် ကြောက်လန့်တကြား အနောက်သို့ ဆုတ်သွားလိုက်သည်။ ထိုသို့ဖြင့် သူ၏ အိပ်ချင်မူးတူး ဖြစ်နေမှုများ ပျောက်ဆုံးသွားလေသည်။ ခက်ခက်ခဲခဲနှင့် ပြန်လည်တည်ငြိမ်လာခဲ့သည်။ ဂူထဲရှိ မီးလုံးများမှာ တကယ်တမ်းတွင် မော့မြွေ၏ မျက်လုံးများ ဖြစ်လို့နေသည်။ ထိုမော့မြွေ၏ မျက်လုံးများမှ ယင်ရှောင်ရှောင် သူ၏ တည်နေရာအား သိလိုက်ရသည်။

'ဒီမှာ ငါပြောမယ်.. မင်းဆိုတဲ့ ဟေးတန်က အတော်လေးကို မှောင်နေပြီးသားလေ.. ဒါတောင်မှ ဒီလောက်နက်မှောင်နေတဲ့နေရာမှာ အိပ်ဖို့လိုသေးလို့လား.. မင်းကို ရှင်းရှင်းလင်းလင်းတောင် မမြင်ရတော့ဘူးကွ..' ယင်ရှောင်ရှောင်းမှာ ထိုစကားများအား စိတ်ထဲတွင်သာ တွေးနေမိခြင်းဖြစ်ပြီး ထုတ်ပြောဖို့ရန် မရဲပါချေ။

မော့လောင်တမှာမူ ပျော်မနေတော့ချေ။

'ဒီအရူးပေါက်လေးက ငါ့ကိုမြင်ပြီး ကြောက်လန့်တကြား ထခုန်သွားလိုက်တယ်ပေါ့.. ငါက အဲလောက်တောင် ကြောက်ဖို့ကောင်းနေတာလား.. ငါက အရမ်းကို ခံ့ညားချောမောပြီး နှစ်လိုဖွယ်ကောင်းလွန်းတာပါနော်.. မင်းသိရဲ့လား..'

မော့လောင်တ သူ့ကိုယ်သူ စစ်ဆေးကြည့်နေပြီး အပြစ်အနာအဆာဟူ၍ ရှာမတွေ့ချေ။ ထို့နောက် ကျေနပ်စွာ ခေါင်းညိတ်လိုက်သည်။

'အရမ်းကောင်းတယ်.. ငါက အတော်လေး ခံ့ညားပြီး ချောမောနေတုန်းပဲ.. ပြီးတော့ ဆွဲဆောင်မှုလည်း ရှိတယ်.. ပြောင်းလဲသွားတာ လုံးဝမရှိဘူး..' (˘ ˘ ˘)

"အရူးပေါက်လေး.. ကိုယ့်ကိုမှတ်မိပြီလား.."

မော့လောင်တ ယင်ရှောင်ရှောင်းထံ တိုးသွားလိုက်သည်။ ‌ယင်ရှောင်ရှောင်းမှာ မော့လောင်တ၏ ခန္ဓာကိုယ်နှင့် ထိနေသည်အား ခံစားမိသည်။ ထို့နောက် နောက်ဆုတ်လိုက်သည်။ 'ငါမှတ်မိတယ်လို့ ပြောလိုက်ရင် ဒီမီးသွေးတုံးကြီးက သူ့ရဲ့သားကောင်လို့ သဘောထားပြီး လည်ပင်းတော့ ညှစ်မသတ်လောက်ပါဘူးနော်..'

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now