Chapter 21

2.3K 459 4
                                    


Chapter 21

ယင်ရှောင်ရှောင်း ဝင်ပေါက်ဝတွင်ရပ်ကာ ယင်တပိုင် နှင့် ဟွားရှောင်ဟွား ပြန်အလာကို စောင့်နေသည်။

မျှော်လင့်ချက်များစွာဖြင့် စောင့်မျှော်နေသော်လည်း ယင်တပိုင်နှင့် ဟွားရှောင်ဟွား၏ ပုံရိပ်များမှာ မပေါ်လာသေးပေ။

ယင်ရှောင်ရှောင်း အနည်းငယ် မကျေမနပ်ဖြစ်လာသည်။ ငှက်ဥရှာဖို့ အချိန်ဘယ်လောက်တောင် လိုတာလဲ။ တစ်ရက်တာ ကုန်ခါနီးပြီ မင်းသိလား။

မြွေပေါက်လေးများမှာ ယင်ရှောင်ရှောင်း၏အနောက်တွင် ရပ်ကြည့်နေကြပြီး ယင်ရှောင်ရှောင်း လတ်တလောတွင် စိတ်အဆင်မပြေသည်ကို သိသောအခါ ယင်ရှောင်ရှောင်းဆီသို့ မည်သူမျှ မချဉ်းကပ်ရဲကြချေ။ ဟွားရှောင်ဝူ ယင်ရှောင်ရှောင်းထံသို့ သွားချင်သော်ငြား ကံမကောင်းစွာဖြင့် ယင်ရှောင်စစ် ၏အောက်တွင် ဖိထားခြင်း ခံနေရသဖြင့် မလှုပ်ရှားနိုင်တော့ပေ။

နာရီပေါင်းများစွာ ကြာပြီးသည့်နောက်တွင် ယင်ရှောင်ရှောင်း ယင်တပိုင် နှင့် ဟွားရှောင်ဟွား ၏ပုံရိပ်များကို နောက်ဆုံးတွင် တွေ့လိုက်ရသည်။  ယင်ရှောင်ရှောင်း ၏ အမြင်အာရုံစူးရှမှုကြောင့် ယင်တပိုင် နှင့် ဟွားရှောင်ဟွား တို့ကြား တစ်စုံတစ်ခု လွဲချော်နေသည်ကိုတွေ့ရန် အချိန်အနည်းငယ်သာ လိုသည်။

ယင်ရှောင်ရှောင်း သည် တဆတ်ဆတ်တုန်ကာ တုန်လှုပ်သွားသည်။ သူကဖြင့် ဖေဖေနဲ့ ပါပါးကို တနေကုန်စောင့်နေရတာ၊ သူတို့နှစ်ယောက်က ဘာတွေလုပ်နေတာလဲ။ မျက်နှာတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ အပြင်မှာ မဖွယ်မရာတွေ လုပ်ခဲ့ကြတယ်ဆိုတာ သိနေရတယ်။ အဲဒါကလွဲလို့ တခြားဘာမှ ဖြစ်နိုင်မှာ မဟုတ်ဘူး။

ယင်ရှောင်ရှောင်း ကျေးဇူးပြုပြီး ကျိုးကြောင်းဆီလျော်အောင် မလုပ်နိုင်ဘူးလား။ ယင်တပိုင် ရော ဟွားရှောင်ဟွား ရောက မင်းစောင့်နေတယ်ဆိုတာ မသိကြဘူးလေ။

ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့ ယင်ရှောင်ရှောင်း ရှေ့ ရပ်နေချိန်တွင် ယင်ရှောင်ရှောင်းသည် နောက်ဆုံးတွင် ယင်တပိုင် ငှက်သိုက်ဆွဲလာ‌သည်ကို တွေ့လိုက်ရသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now