Chapter 97🐍

465 102 2
                                    

🐍Chapter 97

ချီကျောက်အဖွဲ့၏ ရွေးချယ်ထားသော လမ်းကြောင်းမှာ မြန်ဆန်ခြင်းမရှိသည့်အပြင် အလွန်ကြီးမားသည့် လမ်းလွှဲမှ လျှောက်လှမ်းရမည် ဖြစ်သည်။ သူတို့သည် အခြားမည်သည့်အန္တရာယ်နှင့်မျှ ကြုံခဲ့ရခြင်း မရှိပေ။ ခုနစ်ရက်၊ ရှစ်ရက်ကြာ လျှောက်လှမ်းပြီးနောက်တွင် တောင်နှင့် နီးကပ်လာခဲ့သည်။

တောင်ခြေကို နီးကပ်လာသည်နှင့်အမျှ ချီကျောက်သည် သူ၏ စိတ်အားထက်သန်မှုနှင့် ရက်စက်မှုအား ဖုံးကွယ်ထားနိုင်စွမ်း လျော့နည်းလာရသည်။ ကျန်လူငါးယောက်မှာ ချီကျောက်နှင့် နီးကပ်စွာ မလိုက်ရဲဘဲ ချီကျောက်၏ နောက်မှ မဝံ့မရဲ လိုက်ပါခဲ့ကြသည်။

“ရောက်လာပြီ.. နောက်ဆုံးတော့ ရောက်ခဲ့ပြီ..”

ချီကျောက် တောင်ခြေရင်းတွင် ရပ်နေရင်း တီးတိုးရေရွတ်လိုက်သည်။ ဤနေ့အား သူစောင့်နေခဲ့ရခြင်း ဖြစ်သည်။ မည်မျှကြာအောင် စောင့်မျှော်ခဲ့ရသနည်း။ နှစ်များစွာလား၊ ဆယ်စုနှစ်တွေလား၊ ရာနဲ့ချီပြီးလား၊ ထောင်စုနှစ် တိုင်အောင်လား..။

ချီကျောက်နောက်မှ လူငါးယောက်မှာ တစ်‌ဦးနှင့်တစ်ဦး ကြည့်လိုက်ကြသည်။ အဆုံးတွင် ဖုန်းယွမ်သည် ရှေ့သို့နှစ်လှမ်း တိုးပြီး ပြောလိုက်သည်။

“ချီကျောက်.. သင်္ချိုင်းဟောင်းက ဒီတောင်ပေါ်မှာ ရှိတာလား..”

ချီကျောက်သည် ဖုန်းယွမ်၏မေးခွန်းကို မကြားသကဲ့သို့ ရှေ့သို့မျှော်ကြည့်လိုက်သည်။ ဖုန်းယွမ် မကျေမချမ်းဖြင့် နောက်သို့ပြန်ဆုတ်ကာနီးတွင် ချီကျောက် ရုတ်တရက် လှည့်လာပြီး ဖုန်းယွမ်အား ဦးရေပြား ထုံကျင်သွားသည်အထိ ထိတ်လန့်သွားစေသည်။ ချီကျောက်သည် ဖုန်းယွမ်အား စိုက်ကြည့်ပြီးနောက် လေသံပျော့ပျော့ဖြင့် မေးလာသည်။

“မင်းက ထာဝရအသက်ကို ရချင်တာလား..”

ဖုန်းယွမ်သည် ခေတ္တမျှ နားမလည်ဟန်ဖြင့် စိုက်ကြည့်လို့နေသည်။

ဒီအချိန်မှာ ဘယ်သူက ထာဝရအသက်ကို မေးမှာလဲ ...

ဤရက်များတွင် ချီကျောက်မှာ ပို၍ပင် ထူးဆန်းလာလေသည်။ လူတိုင်း သင်္ချိုင်းဟောင်းမှ ထွက်ပြေးချင်နေကြသော်လည်း ချီကျောက်အားပြောဖို့ရန် မဖြစ်နိုင်ပေ။ သူက ယောင်ဝါးဝါးသာ ဖြေပေလိမ့်မည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now