Chapter 9

2.5K 450 16
                                    


Chapter 9

ထိုမြွေများမှာ အကြံအစည်နှင့်ပင် တမင်လုပ်ထားကြသည်ဟူ၍ ယင်ရှောင်ရှောင်း တွေးနေမိသည်။ တစ်ကောင် မျက်လုံးပွင့်လာသည်နှင့် ကျန်မြွေများလည်း နိုးလာကြလေသည်။

အေး ငါလှုပ်နေတုန်းကကျ ဘာလို့မနိုးကြတာလဲ.. အခုတော့ ကျောတွေနာနေပြီကွ..

ထိုသို့နှင့် အရုဏ်တက်ချိန်တွင် မြွေပေါက်လေး ငါးကောင်နှင့်အတူ ယင်တပိုင်နှင့် ဟွားရှောင်ဟွားတို့မှာ ယင်ရှောင်ရှောင်း၏ ရှုံ့မဲ့နေသည့် မျက်နှာအား မြင်တွေ့ကြလေသည်။

ရှောင်ရှောင်းက ဘာလို့များ စိတ်တိုနေပုံဖြစ်နေတာလဲ..

အေး.. မင်းလာပြီး မြွေတွေနဲ့ တစ်ညလုံး အရုဏ်တက်တဲ့အထိ ရစ်ပတ်ခံပြီးနေကြည့်လိုက်လေ..

ယင်တပိုင်၊ ဟွားရှောင်ဟွားနှင့် ကျန်မြွေပေါက်လေးများမှာ ယင်ရှောင်ရှောင်းအား စိတ်ဆိုးအောင် မပြုလုပ်မိစေရန် သတိထားနေကြသည်။ သို့သော်လည်း ယင်ရှောင်ယိ၏ အပြောအရ ယမန်နေ့က သူငယ်ချင်းအသစ်တစ်ကောင် ရလာခဲ့ပြီး ထိုသူငယ်ချင်းနှင့် အတူကစားချင်လားဟု မေးလာလေသည်။ လွန်စွာသတိရှိလှသည့် ယင်ရှောင်ရှောင်းမှာ ထိုအဖွဲ့မှ ခြေလှမ်းအနည်းငယ်ခန့် နောက်ဆုတ်လိုက်သည်။ အခြားမြွေများ၏ ရယ်မောသံမှာ အိပ်ရေးမဝသေးသည့် ယင်ရှောင်ရှောင်းအား ပိုမိုကာ သောကဖြစ်စေလေသည်။

“ရှောင်ယိရေ.. သားပြောနေတာ ဘေးအိမ်က စန်းဟုန်မိသားစုရဲ့ မြွေပေါက်လေးတွေအကြောင်းလား..”

ယင်ရှောင်ယိ သူငယ်ချင်းအသစ် မိတ်ဖွဲ့ခဲ့သည်ဟူ၍ ပြောနေခြင်းအား ကြားလိုက်သည့်အခါ ဟွားရှောင်ဟွားမှာ သူ့ကလေးများထက် သုံးလပိုကြီးသော ဘေးအိမ်ရှိ မြွေပေါက်လေး လေးကောင်အား ချက်ချင်းတွေးမိသွားသည်။

“...”

ယင်ရှောင်ယိမှာ သူငယ်ချင်းအသစ်များအား မည်သူဖြစ်ကြောင်း မေးဖို့ရန် မေ့လာခဲ့ခြင်းပင်။

“ဟုတ်တယ် ပါပါး”

ယင်ရှောင်စစ် ပြန်ဖြေလိုက်ပြီး ရှောင်ယိ၏ အကျပ်ရိုက်နေခြင်းအား ဖြေရှင်းပေးလိုက်သည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now