Chapter 13

2.3K 468 13
                                    


Chapter 13

အသည်းအသန်ချော့နေသော ယင်တပိုင်ကြောင့် ယင်ရှောင်ရှောင်းလည်း စိတ်ပြေသွားရသည်။ ထို့နောက် မျက်စောင်းထိုးကာ စနောက်သည့်ဟန်ဖြင့် ပြောလိုက်သည်။

"ဖေဖေ...သားတို့ဒီလိုပဲဆက်သွားနေမယ်ဆိုရင်...မှောင်မှပဲအိမ်ပြန်ရောက်လိမ့်မယ်...ဟုတ်တယ်မလား..။

"အင်း.."

ထိုသို့စဥ်းစားကာ ပြောလာသည့် ယင်ရှောင်ရှောင်းကို ယင်တပိုင် အံ့သြနေမိသည်။

"အိမ်ကို စောစောပြန်ရောက်အောင် ဘယ်လိုလုပ်ရမလဲဆိုတာ သားသိတယ်.."

ယင်ရှောင်ရှောင်းက ယင်တပိုင်အား ယုံကြည်ချက်အပြည့်ဖြင့် ပြောလိုက်သည်။

"ဟင်...  ဘယ်လိုတုန်း သားရဲ့.."

ယင်တပိုင်က မျှော်လင့်တကြီးမေးလိုက်သည်။ အိမ်ကိုမြန်မြန်ပြန်ရောက်လေ ဟွားရှောင်ဟွားကို သူမြန်မြန်တွေ့နိုင်လေ မဟုတ်ပါလား။

“ဖေဖေ့ ခန္ဓာကိုယ်ရဲ့ အပေါ်ပိုင်းမှာ သားရစ်ခွေပြီးလိုက်ရင် ပိုမြန်မြန် သွားလို့ရတာပေါ့.. အဲဒါဆို သားတို့ အိမ်မြန်မြန် ပြန်လို့ရပြီလေ..”

ယင်တပိုင်မှာ ယင်ရှောင်ရှောင်းအား သံသယမျက်လုံးများဖြင့် ကြည့်လိုက်သည်။ ရှောင်ရှောင်း၏ နည်းလမ်းမှာ ကောင်းမွန်သော်လည်း အလုပ်မဖြစ်မည်ကို စိုးရွံ့သဖြင့် တစ်ခဏမျှ တွန့်ဆုတ်တွေဝေသွားသော်လည်း နောက်ဆုံးတွင် ရှောင်ရှောင်း၏နည်းလမ်းကို စမ်းသပ်ကြည့်ချင်စိတ်က သူ့ကိုလွှမ်းမိုးသွားသည်။ ထို့ကြောင့် ယင်တပိုင်လည်း ရှောင်ရှောင်းပြောသည့်အတိုင်း လိုက်လျောပေးရန် ဆုံးဖြတ်လိုက်သည်။

"ဟုတ်ပြီ... အဲဒါက မြန်မြန်အိမ်ပြန်ရောက်စေမဲ့ နည်းလမ်းဆိုတော့လည်း လုပ်လိုက်ကြတာပေါ့ကွာ.."

ယင်ရှောင်ရှောင်း အလွန်အမင်းဝမ်းသာသွားကာ ကျောက်တုံးကြီးပေါ်မှ အမြန်ဆုံးဆင်းလာပြီး ယင်တပိုင်၏ အမြှီးနားသို့ လျှောတိုက်သွားလိုက်သည်။ ထို့နောက်အားထည့်ကာ ယင်တပိုင်၏ ခန္ဓာကိုယ်ပတ်ပတ်လည်တွင် သူ့ခန္ဓာကိုယ်တစ်ခုလုံးကို ရစ်ခွေစေလိုက်သည်။ ယင်တပိုင်၏ဦးခေါင်းမှာ ရှောင်ရှောင်းရစ်ခွေနေသည့်နေရာနှင့် တစ်ဆယ်စင်တီမီတာခန့်သာ ကွာဝေးတော့သည်။ ယင်ရှောင်ရှောင်းက အပေါ်စီးမှနေ၍ ပတ်ဝန်းကျင်တစ်ဝိုက်ကို  ဆန်းစစ်ကြည့်သည်။ အပေါ်စီးမှနေသောကြောင့် မြင်ကွင်းအားလုံးက ရှင်းလင်းနေသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Onde as histórias ganham vida. Descobre agora