Chapter 93🐍

592 110 1
                                    

🐍Chapter 93

မော့လောင်တနှင့် ယင်ရှောင်ရှောင်း တို့သည် စုလောင်နှင့် လျှိုကျစ်ရှင်း တို့ကို ခိုးကြောင်ခိုးဝှက်ဖြင့် နောက်ယောင်ခံလိုက်ခဲ့သည်။ စုလောင်နှင့် လျှိုကျစ်ရှင်း တို့သည် ၎င်းတို့နောက်မှလိုက်လာသော မော့လောင်တ ကို သတိမထားမိနိုင်သော်လည်း ယင်ရှောင်ရှောင်း၏ အကြည့်ကိုမူ သတိမထားမိဟု မပြောနိုင်ပေ။ မော့လောင်တ ၏ စွမ်းရည်များသည် ပိုမိုသန်မာမှုရှိပြီး ယင်ရှောင်ရှောင်းကို မော့လောင်တကဲ့သို့ အစွမ်းထက်အောင် ပြုလုပ်ရန် မဖြစ်နိုင်ပေ။ ထို့နောက်တွင် ယင်ရှောင်ရှောင်းသည် စုလောင်နှင့် လျှိုကျစ်ရှင်း တို့ကို စောင့်ကြည့်ရန် အထူးပင် စိတ်အားထက်သန်နေခဲ့သည်။ ဆယ်မိနစ်အတွင်း ကိုးမိနစ်နှင့် မိနစ်တစ်ဝက်လောက်က သူတို့ကို စိုက်ကြည့်ရင်း ကုန်သွားခဲ့သည်။ အထုံထိုင်းဆုံးလူတစ်ယောက်ပင်လျှင် ထိုအရာကိုအာရုံခံစားနိုင်မည်ဖြစ်သည်။

"ခေါင်းဆောင်... ငါတို့နောက်ကို တစ်ယောက်ယောက်က လိုက်နေတယ်လို့ မင်းထင်လား... ငါတို့နောက်က ချက်ချင်းလိုက်နေတာလား..." 

လျှိုကျစ်ရှင်းသည် မွန်းတည့်ချိန်ကို အခွင့်ကောင်းယူကာ စုလောင်  အနီးသို့လာပြီး တီးတိုးမေးလိုက်သည်။

စုလောင်က အရေးမကြီးသောအရာဟု သဘောထား၍ ပြောလိုက်သည်။

“အဲဒါ မြွေပွေးတွေပါပဲ.... သူတို့က ငါတို့နောက်ကို အမြဲလိုက်နေတာ မဟုတ်ဘူးလား...."

"တူတယ်လို့မခံစားရဘူး..." 

လျှိုကျစ်ရှင်း ခေါင်းကုတ်လိုက်သည်။ အလွန်စိတ်ရှုပ်နေသော်လည်း ထိုအရာအား စကားဖြင့် မည်သို့ဖော်ပြရမည်ကို မသိနိုင်ဖြစ်နေသည်။

"ဒါက ခံစားရတယ် ... အရမ်းခံစားရတယ်... အရမ်းသည်းကြီးမည်းကြီးနဲ့ ကြည့်နေသလိုမျိုးပဲ...." 

တကယ်တမ်းတွင် လျှိုကျစ်ရှင်းသည် လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရခြင်းနှင့် တူသည်ဟု ပြောချင်ခဲ့သည်။

လက်တွေ့မှာ ဤသို့ဖြစ်သည်။ လျှိုကျစ်ရှင်းသည် ယင်ရှောင်ရှောင်းအား ဒဏ်ရာရစေခဲ့ဖူးသည်။ ထို့ကြောင့် သဘာဝကျစွာပင် ယင်ရှောင်ရှောင်းသည် လျှိုကျစ်ရှင်းအား ပိုမိုအာရုံစိုက်နေမိသည်။ မဟုတ်၊ အပြည့်အဝ အာရုံစိုက်နေမိခြင်းပင်။ ထိုမှတပါး မည်သူက ချိနဲ့နဲ့လူတစ်ဦးအား နေ့စဉ်နေ့တိုင်း ကြည့်နေချင်မည်နည်း။  ပိန်ချုံးနေသော အဘိုးအိုမှာလည်း ရိုင်းစိုင်းသော စရိုက်ရှိသောကြောင့် လုံးဝမဟုတ်ပေ။ ယင်ရှောင်ရှောင်းသည် “အလန်းလေး” လျှိုကျစ်ရှင်း ကို နေ့တိုင်း ငေးကြည့်နေသည်မှာ သဘာဝကျသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now