Chapter 14

2.4K 487 17
                                    


Chapter 14

ယင်တပိုင် သစ်ပင်ပေါ်ရှိငှက်သိုက်မှ စုစုပေါင်းငှက်ဥသုံးလုံး ယူလိုက်သည်။ ထို့နောက်နှစ်လုံးကို ချန်ထားခဲ့သည်။ ယင်ရှောင်ရှောင်းကိုလည်း လှမ်းပြောလိုက်သေးသည်။

"ရှောင်ရှောင်းရေ... မှတ်ထားနော်... ဥတွေအကုန်လုံးကို ယူပစ်လို့မရဘူး... အဲ့လိုဆိုရင် နောက်ပိုင်းဖေဖေတို့အတွက် စားစရာမရှိတော့ဘဲ နေလိမ့်မယ်"

ယင်ရှောင်ရှောင်း စိတ်မရှည်ဖြစ်လာသည်။

"နားလည်ပြီ... သိပြီလို့... လိုသလောက်ပဲယူရမယ်... လောဘမကြီးနဲ့... မဟုတ်ရင် သဘာဝတရားကြီးက ကိုယ့်ကိုပြန်ပြီး လက်တုံ့ပြန်လိမ့်မယ်... အဲ့လိုပြောချင်တာမလား"

ယင်ရှောင်ရှောင်း ထိုငှက်ဥသုံးခုလုံးကို စားပစ်လိုက်သည်။ ဒီအထိ ပင်ပင်ပန်းပန်း ရောက်လာပြီးမှ နည်းနည်းလေးတောင် မစားလိုက်ရလျှင် တရားမမျှတရာကျပေမည်။ ငှက်ဥများ ကုန်စင်အောင် စားသောက်ပြီးနောက် ယင်ရှောင်ရှောင်းတို့က ဘာကိုမှ ဂရုမစိုက်ဘဲ ဆက်သွားသည်။ ယင်တပိုင်ကလည်း ရှောင်ရှောင်းနောက်မှ တိတ်တဆိတ်လိုက်လာသည်။ ငှက်ဥကို သစ်ပင်ပေါ်မှ ယူလာပေးသော ဖခင်ဖြစ်သည့်သူက နည်းနည်းလေးမှ အချီးကျူးမခံရပေ။ ထို့အပြင် သူဆိုလိုသောစကားကို နားရောနားလည်ရဲ့လားမသိ။

စိတ်ထိခိုက်နေသော ယင်တပိုင်မှာ  အခြားငှက်သိုက်တစ်ခုကို ရှာနေသည့် ယင်ရှောင်ရှောင်းနောက်မှ နှုတ်ဆိတ်ပြီး လိုက်လာခဲ့သည်။ ငှက်ဥသုံးဥက သူ့အတွက်မလောက်သေးသည့်ပုံ။

တစ်အောင့်လောက်အကြာတွင် ငှက်သိုက်ကြီးတစ်ခုရှိနေသည့် သစ်ပင်တစ်ပင်ကို ယင်ရှောင်ရှောင်း ရှာတွေ့သွားခဲ့သည်။ ထိုအခါစိတ်လှုပ်ရှားစွာဖြင့် ယင်တပိုင်ဘက်သို့ လှည့်ကာပြောလာသည်။

"ဟိုမှာတွေ့လား... ငှက်သိုက်ရှိနေတယ် ဖေဖေရဲ့"

ရှောင်ရှောင်းညွှန်ပြနေသည့် နေရာကို ကြည့်လိုက်သောအခါ ယင်တပိုင်လည်း ငှက်သိုက်ကို တွေ့လိုက်ရသည်။

စိတ်လှုပ်ရှားမှုကြောင့် ယင်ရှောင်ရှောင်း အန္တရာယ်များကို သတိမမူမိချေ။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now