Chapter 69 🐍

1.1K 209 12
                                    

🐍Chapter 69



“ဟမ့်.. ငါသိနေတယ်.. ငါ့ရဲ့တာ့ကောကို စောင့်ဖို့ နင်နေ့တိုင်းနေ့တိုင်း ဒီနေရာကို ခိုးခိုးပြီးလာနေတာ သိနေတယ်.. မျှော်လင့်ထားသလိုပဲ ငါ့ခန့်မှန်းချက်က မှန်နေတာပဲ..”

ထိုအသံကို ကြားသည့်အခါတွင် မော့တာယိ၏မျက်နှာ ဖြူဖျော့သွားလေသည်။ ထိုအသံမှာ အလွန်ရင်းနှီးနေပုံရသည်ဟု ယင်ရှောင်ရှောင်း တွေးမိလိုက်သည်။ မော့တာယိ ထိတ်လန့်တုန်လှုပ်စွာဖြင့် မေးလိုက်သည်။

“မော့လောင်အာ.. နင် ငါ့နောက်ကို လိုက်လာတာလား..”

ထိုသူမှာ မော့လောင်အာ ဖြစ်သည်ကို ယင်ရှောင်ရှောင်း ရုတ်တရက် အမှတ်ရလိုက်မိသည်။ ထို့ကြောင့် ထိုအသံအား ရင်းနှီးနေသည်ဟု ထင်မိခြင်းမှာ အံ့ဩစရာ မဟုတ်တော့ပေ။

“နင့်နောက် လိုက်လာတယ် ဟုတ်လား..”

ချုံပုတ်များထဲမှ မော့လောင်တ၏ ညီမဖြစ်သူ မော့လောင်အာ ထွက်လာခဲ့သည်။

“ငါ့ရဲ့ တာ့ကောကို ရှာနေတာ.. ဘယ်လိုများ နင့်နောက်လိုက်လာတယ်လို့ တွေးရတာလဲ.. ငါ အခုလေးတင် ရောက်လာတာ..”

မော့တာယိ မော့လောင်တအား ကြည့်လိုက်သည်။ မော့လောင်တသည် မော့လောင်အာ ယခုလေးတွင်မှ ရောက်လာသည်ကို ရည်ညွှန်းသည့်အနေဖြင့် ခေါင်းအသာညိတ်ပြလိုက်သည်။ မော့လောင်တ၏ လက်ရှိစွမ်းရည်အရ မော့မြွေတစ်ကောင် ချဉ်းကပ်လာသည်ကို သတိမပြုမိရန်မှာ မဖြစ်နိုင်ပေ။

မော့လောင်အာ၏အကြည့်မှာ နောက်ဆုံးတွင် ယင်ရှောင်ရှောင်းဘက်သို့ လှည့်လာလေသည်။ သူမ၏မျက်နှာမှာ ညွတ်ကျသွားပြီး ပို၍ပင် မကျေမနပ် ဖြစ်လာတော့သည်။

“တာ့ကော.. ဘာဖြစ်လို့ ဒီယင်မြွေနဲ့ အခုထိ ရှိနေရတာလဲ..”

“ငါနောက်ဆုံးပြောခဲ့တဲ့ စကားမှာ ရှင်းရှင်းလင်းလင်း ပြောခဲ့ပြီးသား.. ရှောင်ရှောင်းက အခုကော နောင်အနာဂတ်မှာကော ငါ့ရဲ့လက်တွဲဖော် ဖြစ်လာလိမ့်မယ်..”

မော့လောင်တ တစ်လုံးချင်း ဆိုသော်လည်း ရှင်းလင်းလို့နေသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now