Chapter 63 🐍

934 179 4
                                    

🐍Chapter 63

ကံမကောင်းစွာဖြင့်ပင် အမှန်တရားသည် မေမေမော့နှင့် ဖေဖေမော့တို့၏ ယုံကြည်မှုများအား ရိုက်ချိုးပစ်ခဲ့သည်။ နှစ်အနည်းငယ် ကုန်လွန်ပြီးသည့်နောက်တွင် သူတို့၏ မော့လောင်တအပေါ် ထင်မြင်ချက်များမှာ နှစ်အနည်းငယ်ခန့် နောက်ကျခဲ့ပြီး မော့လောင်တမှာလည်း သူတို့နှင့် မတွေ့ခဲ့ရသည့် အချိန်များတွင် များစွာပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။ သို့တည်းမဟုတ် ဖေဖေမော့နှင့် မေမေမော့တို့သည် မော့လောင်တအား အမှန်တကယ် နားလည်ခဲ့ခြင်းမရှိဟု ပြောလျှင် ပိုမှန်နိုင်မည်။

ဖေဖေမော့၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ သူ့စိတ်ထဲတွင် အလွန်ဒေါသထွက်နေသော်လည်း ယခုမော့လောင်တအား ကြောက်ရွံ့သဖြင့် သည်းခံထားရခြင်း ဖြစ်သည်။ မော့လောင်တ ငယ်စဉ်ကပင် ဖေဖေမော့သည် မော့လောင်တအား အလျင်စလို ဆူပူကြိမ်းမောင်းခြင်း မပြုခဲ့ပေ။ ယခုလက်ရှိ မော့လောင်တမှာ ဖေဖေမော့ထက် ပိုမိုအစွမ်းထက် သန်မာနေပြီး ဤနေရာတွင် ရှိနေသည့် မော့မြွေလေးကောင် ပေါင်းလျှင်ပင် မော့လောင်တ၏ ပြိုင်ဘက်မဟုတ်ချေ။

ဖေဖေမော့ တွေးပြီးနောက် ရုတ်တရက် ပြောလာသည်။

“လောင်တ.. မင်း ဒီယင်မြွေနဲ့ တကယ်ပဲ အတူရှိမယ်ဆိုရင် မဖြစ်နိုင်ဘူး.. ဒါပေမဲ့ အရင်ဆုံး မင်းက မြွေမျိုးနွယ်စု ခေါင်းဆောင်ရာထူးအတွက် ကိုယ်စားလှယ်လောင်းအဖြစ် မင်းဆန္ဒအလျောက် စွန့်လွှတ်ရမယ်.. မော့မြွေတွေက ယင်မြွေတစ်ကောင်ရဲ့ လက်တွဲဖော်ဖြစ်တဲ့ မော့မြွေကို မျိုးနွယ်စုခေါင်းဆောင်ဖြစ်လာဖို့ ခွင့်ပြုမှာ မဟုတ်ဘူးဆိုတာ မင်းသိထားပြီးသားလေ..”

မော့လောင်တ လှောင်ရယ် ရယ်ပြီးနောက် အလျော့မပေးဘဲ ပြောသည်။

“ကျွန်တော် သန်မာနေသရွေ့ မျိုးနွယ်စုခေါင်းဆောင် မဟုတ်တာက ဘာအရေးလဲ..”

မော့လောင်တ၏ စကားများမှာ အတော်လေး ရဲတင်းလွန်းလှသည်။ မော့မျိုးနွယ်၏ မျိုးနွယ်စုခေါင်းဆောင်မှာ မြွေပွေးမျိုးနွယ်စုအားလုံး၏ မျိုးနွယ်စုခေါင်းဆောင်လည်းဖြစ်သည်ကြောင့် ခေါင်းဆောင်မှာ အစွမ်းအထက်ဆုံး မြွေပွေးဖြစ်သည်။ မော့လောင်တ ဤသို့အဓိပ္ပါယ်ရှိသည်အား ပြောရသည့်အတွက် မျိုးနွယ်စုခေါင်းဆောင်အား လှောင်ပြောင်နေခြင်းဖြစ်ပြီး မျိုးနွယ်စုခေါင်းဆောင်သည် မော့လောင်တအား သတ်ကာ အနိုင်ယူနိုင်စွမ်း ရှိသည်။

သင်္ချိုင်းဟောင်းမှမြွေမိသားစု(ဘာသာပြန်)Where stories live. Discover now