Chapter -4-[စရိုက်ကြမ်းတဲ့ ယောက်ဖ]

3.7K 462 8
                                    

~စရိုက်ကြမ်းတဲ့ ယောက်ဖ~

" ငါ အမဲလိုက်သွားဦးမယ် ။ "

ချန်းရှောင်မီက သူ့ခြေထောက်တွေ ကြွလိုက်ပြီး ပြောသည် ။

ချန်းရှောင်ခိုင်က ခေါင်းညိတ်လိုက်ပြီး -

" ကံကောင်းပါစေ အစ်ကိုကြီး ။ ကျွန်တော်တို့ကို စိတ်မပူနဲ့ ၊ ကျွန်တော် ရှောင်မိုင်ကို ကောင်းကောင်း ဂရုစိုက်လိုက်မယ် ။ ပြီးတော့ ဒီလူ့ကိုလည်း စောင့်ကြည့်ထားမယ် ။ "

ချန်ရှောင်ခိုင်က ညီငယ် ရှောင်မိုင်အကြောင်း ပြောတဲ့အချိန်မှာ နူးညံ့နေပေမယ့် လုလင်းကို တစ်ချက်ကြည့်လိုက်တဲ့အချိန်မှာတော့ ရက်စက်တဲ့ သဏ္ဍာန်ဖြစ်သွားသည် ။

ချန်းရှောင်မီက သဘောတူသလို ခေါင်းညိတ်ပြီး -

" မင်း လုပ်နိုင်စွမ်းရှိလို့ ငါ သူတို့ကို ထားခဲ့ပြီ ။ "

ချန်းရှောင်ခိုင်က သူ့အစ်ကိုရဲ့ ယုံကြည်မှုကို ရလိုက်တာကြောင့် အလွန်ဝမ်းမြောက်သွားကာ ယုံကြည်စိတ်ချရတဲ့ မျက်နှာပုံစံနဲ့ ခေါင်းညိတ်လိုက်ပြီး -

" အစ်ကို့ကို စိတ်မပျက်စေရပါဘူး ။ "

ရွာသားများက အပြစ်တင်ရှုတ်ချသော်လည်း သူ့အစ်ကိုကသာ ကမ္ဘာပေါ်က အရဲရင့်ဆုံး သူရဲကောင်းတစ်ယောက် အဖြစ် ချန်းရှောင်ခိုင်က တွေးနေဆဲပင်။ ချန်းရှောင်ခိုင်က တစ်နေ့မှာ သူ့အစ်ကိုနဲ့အတူ တောင်ပေါ်ကို လိုက်နိုင်ပြီး အမဲလိုက်ရာမှာ ကူညီမည်ဖြစ်သည်။  သို့မှသာ သူ့အစ်ကို အနားယူနိုင်မည်လို့ စိတ်ကူးထဲ အမြဲထိန်းသိမ်းထားသည် ။

လုလင်းက ချန်းရှောင်မီ ထွက်သွားပြီးမှ သူ့မျက်လုံးကို ဖွင့်လိုက်သည် ။ ရက်စက်တဲ့အမဲလိုက်မုဆိုး ချန်းရှောင်မီ ရှိနေတဲ့အချိန်မှာ သူ့မျက်လုံးကို မဖွင့်ရဲပါပေ ။ အခုမှ ပတ်ဝန်းကျင် ကြည့်ရှုမှုကို စတင်နိုင်သည် ။

လုပ်ထုံးလုပ်နည်းအရဆို ဒီနေ့က သူ့ရဲ့ မင်္ဂလာဆောင်နေ့ပင် ။ သို့သော် ဟောင်းနွမ်းစုတ်ပြတ်နေတဲ့အိမ်နဲ့ ခေတ်ဟောင်း ပရိဘောဂ‌ တွေကို မြင်လိုက်ရတာကြောင့် သူ့စိတ်‌တွေ ကျဆင်းသွားသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now