chapter -49-[အောင်သွယ်တော်ဝမ်ကို စော်ကားခြင်း]

1.9K 258 0
                                    

chapter -49-[အောင်သွယ်တော်ဝမ်ကို စော်ကားခြင်း]

လုအိမ်မှာ လုချောင်ယုရဲ့ ကျရှုံးမှုကြောင့် သုန်မှုန်နေကြသည် ။

အဖိုးလုက ဆေးတံမှုတ်ထုတ်ခြင်းမှလွဲပြီး ဘာမှမလုပ်ပေမယ့် လုထုန်က အရင်ကအတိုင်း အရေးပါသလို မပြုမူရဲပေ ။

လုထုန်က သူ့အတွက် အခွန်မပေးချင်ကြတာကြောင့် သူ့မိသားစုက သောကရောက်နေကြမှန်း သိသည် ။ သူ့ကိုလွယ်လွယ်နဲ့ လက်ထပ်ပေးဖို့ အခွင့်ကောင်းပေမယ့် လတ်တလောက ပြောသွားခဲ့တဲ့ အောင်သွယ်တော်များက အဆင်မပြေလှပေ ။ အရင်က ကောင်းတာတွေရှိပေမယ့် မရွေးချယ်ခဲ့လို့ နောင်တရမိသည် ။

လုထုန် မြစ်ကမ်းစပ်မှာ အဝတ်တွေလျှော်ပြီး အိမ်ပြန်လာတဲ့အချိန် သူ့အမေနဲ့ အောင်သွယ်တော်ဝမ်တို့ ပြောနေတာကိုကြားလိုက်ရသည် ။

" အောင်သွယ်တော်ဝမ် ၊ လေပြင်းရွာက လီမိသားစုက တကယ်ကောင်းမွန်တယ်လို့ မင်းပြောတယ်မလား ။ လယ်မြေ မူနှစ်ဆယ်ကျော်လည်း ရှိကြတယ်ဆို ။ မိသားစုထဲက သခင်လေးကလည်း စာပေတတ်မြောက်တယ်ဆို ။ တကယ်လား ။ "

အောင်သွယ်တော်ဝမ်က ရယ်မောလိုက်သည် ။

" ငါ နင့်ကိုဘာကြောင့် လိမ်ညာရမှာလဲ ။ လီတွေက မြို့ပေါ်က ချမ်းသာတဲ့မိသားစုတွေလောက် မကြွယ်ဝပေမယ့် ငါတို့ရွာမှာတော့ သူတို့က အချမ်းသာဆုံးပဲ ။ သခင်လေး လီကလည်း ကျောင်းမှာအခြေအနေကောင်းတယ် ။ တစ်နေ့ အောင်မြင်တဲ့အစိုးရဝန်ထမ်းဖြစ်လာမယ့်သူပဲ ။ လုထုန်က သူတို့နဲ့ဆို သက်သောင့်သက်သာဘဝကို ရနိုင်တဲ့ အမျိုးသမီးတစ်ယောက်ဖြစ်လာလိမ့်မယ် ။ "

ထောင် သူမမျက်လုံးကို မှေးကျဉ်းလိုက်သည် ။ ခုတလော သူ့သမီး လုထုန်နဲ့ပတ်သတ်ပြီး မိသားစုများစွာကို စုံစမ်းနေရသည် ။

" အောင်သွယ်တော်ဝမ် ၊ လေပြင်းရွာမှာ သခင်လေးလီလိုလူမျိုး ရှိတဲ့အကြောင်း တစ်ခါမှလည်း မကြားမိပါလား ။"

ပြီးတာနဲ့ ထောင့်ရဲ့မျက်နှာက မည်းမှောင်သွားကာ -

" အဲဒီ သခင်လေးလီဆိုတာ နံမည်က လီကျီလား ။ လွန်ခဲ့တဲ့ နှစ်နှစ်က မုဆိုးဖိုဖြစ်သွားတဲ့ တစ်ယောက်လေ။ ငါးနှစ်အရွယ်ကလေးလည်း ရှိသေးတယ် ။ သူ့မိန်းမသေသွားရတာက သူ့အမေက သူမကိုနှိပ်စက်လို့လေ ။ ဟုတ်တယ်မလား ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now