chapter -67-[ချင်းရီ အလုပ်ရသွားပြီ]

1.4K 199 1
                                    

chapter -67-[ချင်းရီ အလုပ်ရသွားပြီ]

ချင်းရီရဲ့အခြေအနေကိုသိနေတာကြောင့်လုလင်းက ချင်းမျန်ကို ပိုပြီးကောင်ကောင်းဂရုစိုက်နိုင်ဖို့ သူ့အိမ်ကိုခေါ်လာရန် မရမက တောင်းဆိုလိုက်သည် ။

ချင်းရီ တစ်ချိန်တည်းမှာပဲ ကျေးဇူးတင်ရင်း ဝမ်းနည်းလာမိသည်။ သမားတော်ကောင်း‌တွေအားလုံးက မြို့ထဲမှာ ရှိကြတာကြောင့် သူတို့က မြို့ကဈေးကြီးတဲ့ တည်းခိုခန်းတွင် နေကြရသည် ။ လုလင်းနဲ့ ချန်းရှောင်မီတို့က စိတ်ရင်းမှန်တဲ့သူတွေမို့ ချင်းရီ ချင်းမျန်ကို ခေါ်လာလိုက်သည် ။

ချင်းရီ လုလင်းဆီကနေငွေပြားနှစ်ဆယ်ရရှိခဲ့သော်လည်း ထိုငွေတွေက သူ့သားကိုကုသပေးဖို့ဖြစ်သည် ။ ချင်းရီအလွန်စိတ်ထိခိုက်နေသည် ။

လုလင်းနဲ့ချန်းရှောင်မီတို့အိမ်မှာ အစေခံခန်းသုံးခန်းရှိပြီး ဝမ်းမိသားစုတို့တစ်ခန်း ၊ အဖွားရှန်နဲ့ ရှန်ချီတို့က တစ်ခန်းယူထားပြီး ကျန်တဲ့တစ်ခန်းကို ချင်းမိသားစု ယူလိုက်သည် ။

ချင်းရီက ရွာမှာအိမ်တစ်လုံးတစ်လေတောင် မရှိပေ ။ သူတို့ရုတ်တရပ် မြို့ကအိမ်အကြီးကြီးဆီ ပြောင်းရွေ့လိုက်ရတာမို့ နေရထိုင်ရ ကျဉ်းကြပ်နေသည် ။ အစေခံအခန်းဖြစ်နေရင်တောင် အနည်းငယ်နေသားမကျ ဖြစ်နေဆဲမို့ ဘာမှ မထိမကိုင်ရဲဖြစ်နေသည် ။

လုလင်းက ယန်းဟန်ကျီးကို အကူအညီတောင်းလိုက်သည် ။ ယန်းဟန်ကျီးက ငွေကြေးဝန်‌ဆောင်ခအတော်လေးနည်းပါးပြီး ဆေးပညာမြင့်မားတဲ့ သမားတော်တစ်ယောက်ကို မိတ်ဆက်ပေးသည်။ သမားတော်က ကုသပေးခ ငွေ ၈ ပြား ယူပြီး ချင်းမျန်ကခြေထောက်ကျိုးနေတဲ့အတွက် ကျပ်စည်းပေးသည်။ 

ချင်းမျန် ခြေထောက်ဒဏ်ရာရနေတာကြောင့် အိမ်ထဲမှာ ဟိုဟိုသည်သည်မကူညီပေးနိုင်ပေ ။ လုလင်းက သူ့ကိုနှစ်သိမ့်ပေးလိုက်ကာ ချင်းရီကို သူ့အားသေချာလေးဂရုစိုက်ခိုင်းလိုက်သည် ။

ချင်းရီ အရမ်းကျေးဇူးတင်‌နေမိသည်။ဝမ်လီက ချင်းရီကို အိမ်ပိုင်ရှင်က အလုပ်ကိစ္စနဲ့ ခရီးထွက်သွားတာဖြစ်ပြီး လုလင်းနဲ့ ချန်းရှောင်မီကို အိမ်နဲ့ ဆိုင် ဂရုစိုက်ခိုင်းခဲ့တာဟု ပြောလာသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now