chapter -17- [အဝတ်အစားအသစ်များ ]

3.7K 483 5
                                    

~ အဝတ်အစားအသစ်များ ~

ချန်းရှောင်မီက သူ့အိတ်ကပ်ထဲမှာ ငွေခုနှစ်ပြား‌ရှိနေတာကြောင့် အနည်းငယ်ပို၍ရက်ရောနေသည် ။ သူက လုလင်းကို ဆိုင်ခေါ်သွားပြီး ချည်ထည်တစ်စ ဝယ်စေသည် ။ ပြီးနောက် ချုပ်အပ်နဲ့ချည်အတွက် ငါးဆယ်ဆင့် သုံးကာဝယ်လိုက်သည် ။

ဆိုင်မှာ ရယ်ဒီမိတ်အထည်တွေရှိပေမယ့် ချန်းရှောင်မီက သူ့စိတ်ထဲမှာတွက်ချက်လိုက်ပြီး ဈေးသက်သာဖို့ ချုပ်ရန်ရွေးချယ်လိုက်သည် ။

ပြီးနောက်ပစ္စည်းများကိုဈေးပေါပေါနဲ့ဝယ်နိုင်ရန်အတွက်အပေါင်ဆိုင်ဆီ သွားလိုက်ပြီး ချည်ထည်နဲ့ချုပ်လုပ်ထားသော ဂွမ်းကပ်နှစ်ခုကိုဝယ်လိုက်သည် ။ ထိုချည်ခံဂွမ်းကပ်က အလွန်အသုံးဝင်သည် ။ ညအချိန် အအေးဒဏ်ကိုခုခံကာကွယ်နိုင်ပြီး ဆောင်းရာသီအပေါ်ဝတ်ကဲ့သို့လွှမ်းခြုံနိုင်သည် ။

လုလင်းဆီမှာ အိပ်ရာဆိုလို့ ချန်းရှောင်မီဆီလက်ထပ်ဝင်လာတုန်းက သူ့ကိုသယ်တင်လာတဲ့ တံခါးပြားနှစ်ချပ်ပဲ ရှိသည် ။ အခုကလုလင်းအတွက်ပိုကောင်းတာလေး ဝယ်ပေးရမယ့် အချိန်ပဲလို့ ချန်းရှောင်မီတွေးလိုက်သည် ။

ယခုအခါတစ်နေ့ထက်တစ်နေ့ ပိုအေးလာမည်ဖြစ်သော်ကြောင့် ညဘက်နွေးထွေးဖို့ရန် လုလင်းအတွက် စောင်လိုသည် ။ ချန်းရှောင်မီလည်း သူ့ရဲ့ အင်္ကျီတွေအားလုံးကိုလုလင်းနဲ့ မျှဝေ ဝတ်‌ဆင်ဖို့ဆန္ဒရှိပါသည် ။

လုလင်း ချန်းရှောင်မီရဲ့ ကြင်နာမှုကို ရိပ်မိပါသည်။ စောင်တွေကိုလည်း သူ့အတွက်ဝယ်ပေးနေမှန်းသိပေမယ့် လုလင်းဆီမှာဆောင်းရာသီအတွက် အခြားအစီအစဉ်တစ်ခုရှိ‌သည် ။ သူ ခန် ဆောက်လုပ်ချင်သည် ။

(T/N ခန် - အုတ်ခုတင်ရဲ့အတွင်းမှာ မီးဖိုပြီးအပူပေးလို့ရတဲ့အ‌ပေါက်ပါတာမျိုးလေ၊ ရှေးနိုဘယ်အဖတ်များတဲ့သူဆိုသိကြမှာပါ ။ သိပ်မရှင်းပြတတ်လို့ ။)

" လုလင်း မင်းရဲ့ဆောင်းတွင်းအင်္ကျီတွေချုပ်‌ဖို့ အဒေါ်ကြီး တစ်ယောက်ကို ကိုယ့်ဘာသာ ရှာမလား ။ "

လုလင်းက ခေါင်းငြိမ့်ပြကာ -

" ကောင်းပြီ ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now