chapter -70-[အဓိပ္ပာယ်မရှိသော ကောလဟာလများ]

719 113 0
                                    

chapter -70-[အဓိပ္ပာယ်မရှိသော ကောလဟာလများ]

လုလင်း သစ်တောမြို့က အလှအပရသခံစားပုံနဲ့ မိုးမခမြို့က ရသခံစားပုံ ဘာတွေကွာခြားလည်းဆိုတာရှာတွေ့ခဲ့သည် ။ သစ်တောမြို့မှာဘယ်သူမှစိတ်မဝင်စားတဲ့အိတ်တွေက မိုးမခမြို့မှာအတော်လေးရေပန်းစားသည် ။ မိုးမခမြို့က လွယ်အိတ်ဟောင်းတွေကို သစ်တောမြို့မှာ ‌ကြိုက်နှစ်သက်တဲ့လူတချို့ရှိသည် ။

သစ်တောမြို့နဲ့မိုးမခမြို့ နှစ်မြို့လုံးမှာဩဇာလွှမ်းမိုးသူတွေအနည်းငယ်ရှိမှန်း လုလင်းရှာတွေ့လာသည် ။ ထိုလူတွေဝယ်တဲ့အိတ်တွေဆို လူကြိုက်များမည့် အလားအလာပိုများသည်။ လုလင်း Instagrax(Instagram) ပေါ်က အလှအပဆိုင်ရာ influencer တွေကို ပြန်မတွေးမိပဲ မနေ‌နိုင်ပေ ။

ထိုအချိန်‌တိုလေးအတွင်းမှာ လုလင်းကလက်ကိုင်အိတ်အသစ်တချို့ကို ထုတ်လုပ်လိုက်သည် ။

ချမ်းသာတဲ့လူတချို့အတွက်ကတော့ အရေးကြီးတဲ့အရာငွေမဟုတ်ဘဲ တတ်နိုင်သမျှပစ္စည်းကောင်းတွေမြန်မြန်ဝယ်နိုင်ဖို့ဖြစ်သည်။  ထို့ကြောင့် မြို့က ဈေးကြီးတဲ့အတုအပ ဆိုင်မှာလည်း နောက်ဆုံးပေါ်အိတ်တွေကအတော်လေးကျော်ကြားနေဆဲဖြစ်သည် ။

အဖွားရှန်က မြို့မှာခဏနေပြီးနောက် ရှန်ချီကိုခေါ်ကာ ဒီနေ့ပဲရွာပြန်သွားသည် ။

အဖွားရှန်ပြန်မယ်ဆိုတာကိုသိတဲ့လုလင်းက အဖွားရှန်အတွက်မြင်းလှည်းငှားလိုက်သည် ။

အဖွားရှန်က လုလင်းနဲ့ပိုပိုပြီးရင်းနှီးလာတာကြောင့် မငြင်းဆန်ခဲ့ပေ ။ သူပြန်လာတဲ့အခါ လုလင်းအတွက် အိမ်ပြန်လက်ဆောင်အဖြစ်ဟင်းသီးဟင်းရွက်တချို့ကိုယူလာဖို့ တွေးလိုက်သည် ။

လုလင်းက အလုပ်အများအပြားရှိပြီး တခါတလေဆို ဟင်းရွက်တွေဝယ်ဖို့ဈေးထဲသွားလေ့ရှ်ိသည် ။ အဖွားရှန်ရဲ့အမြင်မှာတော့ ဒီလုပ်ရပ်ကအများကြီး ဆုံးရှုံးနစ်နာရသလို ခံစားရသည်။ 

သူတို့အိမ်ရောက်ပြီးမကြာခင် အဖွားရှန်က ရှန်ချီ့ကို အလုပ်လုပ်ဖို့လယ်ကွင်းထဲခေါ်သွားလိုက်သည် ။ အဖွားရှန်နဲ့ရှန်ချီတို့ကိုမြင်လိုက်တဲ့ ရွာသားတချို့က အံ့ဩသွားကြပြီး အနားကိုလျင်မြန်စွာရောက်လာကြသည်။ 

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now