chapter -55-[လက်ဖွဲ့လက်ဆောင်နဲ့ခန်းဝင်ပစ္စည်း ]

1.8K 226 2
                                    

chapter -55-[လက်ဖွဲ့လက်ဆောင်နဲ့ခန်းဝင်ပစ္စည်း ]

လုချောင်ယုရဲ့ မင်္ဂလာလက်ထပ်ပွဲ အခမ်းအနားမှာ လူစည်ကားနေတဲ့အချိန် လုလင်းနဲ့ ချန်းရှောင်မီဘက်မှာတော့ ဧည့်သည်တချို့ရောက်ရှိနေပေသည် ။

ချင်းရီက အခု ပြည့်ပြည့်ဝဝ ပြန်လည်သက်သာလာပြီဖြစ်တာကြောင့် သမင်တစ်ကောင်ကို အမဲလိုက်ပြီး သူတို့နှစ်ဦးကို ကျေးဇူးတင်တဲ့လက်ဆောင်အနေဖြင့်ပေးရန် ယူဆောင်လာခဲ့သည် ။ သူတို့နှစ်ယောက်က လက်ဆောင်လက်ခံလိုက်ဖို့ အစဉ်မပြေသလိုခံစားရတာကြောင့် အကြိမ်တချို့ငြင်းပယ်ခဲ့ပေမယ့်လည်း မထိ‌ရောက်ပေ ။ ချင်းရီနဲ့ သူ့ကလေး‌တွေက သမင်ကိုလက်ခံပေးဖို့ မရမကတောင်းဆိုနေကြသည် ။

လုလင်းက နောက်ဆုံးတော့လက်ခံလိုက်ပေမယ့်လည်း ချင်းရီနဲ့ကလေးတွေကို ညစားစားသွားဖို့ ပြန်‌တောင်းဆိုလိုက်သည် ။ ချင်းရီက အနည်းငယ်ရှက်ရွံ့သလို ခံစားရပေမယ့် နောက်လည်းမှာတော့ သဘောတူလိုက်ရသည် ။

လုလင်းက ဟင်းပွဲသုံးပွဲနဲ့ ဟင်းချိုတချို့ ချက်ပြုတ်လိုက်သည် ။ ခြောက်သွေ့နေတဲ့ဝါးချောင်းနဲ့ ကြက်သားကင်လိုက်ပြီး အညိုရောင် ဆော့စ်နဲ့ ငါးကိုနှပ်သည် ။ ခရမ်းချဉ်သီးနဲ့ ကြက်ဥကို မွှေကြော်ကြော်လိုက်ကာ ဝက်ရိုး ဟင်းချိုနဲ့အသီးအရွက်တချို့ကို အရံဟင်းပွံအဖြစ်ထားလိုက်သည် ။

ချင်းတွေက တောနက်ထဲမှာရှင်သန်လာတာဖြစ်သည် ။ မတိုင်ခင်အချိန်တွေတုန်းက ဒီလိုဧည့်ခံပွဲမျိုးကို သူတို့မကြုံဖူးခဲ့ပေ ။ ချင်းရီရဲ့ဇနီး ဆုံးပါးသွားတည်းက ဟင်းလျာမည်မည်ရရ မစားသောက်ခဲ့ရပေ ။ ကောင်လေးနှစ်ယောက်က အစပိုင်းမှာ နည်းနည်းစီကိုက်ပြီး ယဉ်ကျေးတဲ့အမူအရာပြသဖို့ ကြိုးစား‌ခဲ့ကြပေမယ့် မကြာခင်မှာ ဟင်းပွဲတွေကို စတင် အငမ်းမရ စားလာတော့သည်။

ချင်းရီက သူ့ကလေးတွေကို သတိပေးတဲ့အကြည့်ပစ်လွှတ်နေသော်လည်း သက်ရောက်မှုမရှိတော့ပါ ။ ချင်းလန်နဲ့ချင်းမျန်က သူတို့ကိုယ်သူတို့ မကယ်တင်နိုင်‌တော့ပေ ။

ချင်းရီခေါင်းခါကာပင် လက်မြှောက်လိုက်ရသည် ။ သူ့ကလေးတွေကို အပြစ်တင်လို့မရမှန်း သူသိသည် ။ လုလင်းက အလွန်တော်တဲ့ စားဖိုမှူးတစ်ယောက်ဖြစ်တာမို့ မကြာခင်မှာ ချင်းရီကိုယ်တိုင်လည်း ထမင်းဝိုင်းယဉ်ကျေးမှုကို အရှူံးပေးလိုက်ရသည်။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Nơi câu chuyện tồn tại. Hãy khám phá bây giờ