chapter -21- [ငါက လူချမ်းသာတစ်ယောက်ပဲ!]

3.6K 479 3
                                    

~ငါက လူချမ်းသာတစ်ယောက်ပဲ!~

ချန်းရှောင်မီက လုလင်းပြောတဲ့ စတိုးနဲ့ပတ်သတ်ပြီး သိလိုစိတ်ပြင်းပြနေပေမယ့် ဘာဆက်မေးရမလဲ စဉ်းစားမရပေ ။‌ နောက်မှ ချန်းရှောင်မိုင်ပြောဖူးတာကို ရုတ်တရက်  သတိရသွားကာ -

" သကြားရည်နဲ့ပတ်သတ်ပြီး မိုင်ပြောဖူးတယ် ။ အဲ့ဒါ ဘာလဲ ။ "

ချန်းရှောင်မိုင် ခေါင်းညိတ်ပြီး ချောကလက်နို့ဘူးကို ထုတ်လိုက်သည် ။ ချန်းရှောင်မီ အလျင်စလို မြိုချလိုက်ပြီးမှ အရသာကြောင့် အလွန်အံ့အားသင့်သွားသည် ။

" ဒါက အရမ်းအရသာရှိတာပဲ ။ နို့တွေနဲ့ အရမ်းချိူမြိန်နေတာ ။ ဒါနဲ့ အမဲရောင်က ဘာတွေလဲ ။ '

ချန်းရှောင်မီ စက္ကန့်အနည်းငယ်အတွင်းမှာပဲ ဗူးတစ်ဝက်ကို သောက်လိုက်ပြီးနောက် ကြည်နူးမှုအပြည့်ဖြင့် နှုတ်ခမ်းသပ်လိုက်သည် ။

" မင်း မကုန်တော့ဘူးဆိုရင် ငါ့ကို ပြန်ပေးထား။ "

ချန်းရှောင်မီက သားပေါက်လေးတွေကိုကာကွယ်နေတဲ့ ကြက်မကြီးသဖွယ် ဗူးကို တင်းတင်းဆုပ်ကိုင်ထားသည် ။

လုလင်းရယ်မော‌လိုက်ကာ -

" မစိုးရိမ်ပါနဲ့ မင်းအတွက်ပဲငါသိမ်းထားမှာပါ ။ တခြားသူတွေ ဒီဗူးကိုမမြင်နိုင်အောင် ငါတို့သတိထားရမယ်လေ ။ "

ချန်းရှောင်မီ ခေါင်းညိတ်လိုက်ကာ လက်ထဲကဗူးကို လုလင်းဆီပေးလိုက်သည် ။

" မင်းရဲ့ စတိုးထဲမှာ တခြားပစ္စည်းတွေကိုလည်း သိမ်းထားနိုင်တာလား ။ "

" ဟုတ်တယ် ။ "

ချန်းရှောင်မီ ပင့်သက်ရှိုက်လိုက်ကာ -

" ဒါဆို နောက်ဆုံးတစ်ခေါက် ငါတို့မြို့ကိုသွားတုန်းက ခြင်းထဲက ဝက်ဝံကြီး ငါမသယ်ပဲ စတိုးထဲထည့်ထားပြီး လက်ဗလာနဲ့မြို့ပေါ်သွားလို့ရတယ်ပေါ့ ။ "

" အသေအချာပဲပေါ့ ။ ဒါပေမယ့် တခြားသူတွေမြင်နိုင်တယ် ၊ အဲ့ဒါကြောင့်မပြောခဲ့တာ ။ "

ချန်းရှောင်မီ သဘောတူသည် ။ ထိုအရာက အန္တရာယ်များသည်။

"မစိုးရိမ်ပါနဲ့ ။ မင်းရဲ့ စတိုးကိုသုံးပြီး မရိုးသားတဲ့အလုပ်တွေ မလုပ်သရွေ့ ငါတခြားသူတွေကို အဲဒီအကြောင်း စကားတစ်ခွန်းတောင်မပြောဘူး ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now