chapter -35-[ဈေးကွက်ပြည့်နှက်နေခြင်း]

3K 395 5
                                    

~ဈေးကွက်ပြည့်နှက်နေခြင်း~

ကျောက်ကြီးရွာမှာ ချန်းရှောင်မီတို့ လက်အိတ်ရောင်းခြင်းကနေ အမြတ်အစွန်းများများရလာတဲ့သတင်းကို မနာလိုစွာ ပြောဆိုလာကြသည်။ 

ရွာသားအများစုက တစ်နှစ်ပတ်လုံးအလုပ်လုပ်ရင်တောင် အမြဲတမ်း ငွေ ခုနှစ်ပြား ၊ ရှစ်ပြားလောက်သာ ရသည်။  သို့သော် ချန်းရှောင်မီကတော့ ဆောင်းရာသီပွဲတော်တစ်ခုတည်းကတင် ငွေပြားငါးဆယ်ကျော် ရခဲ့သည် ။

မြေခွေးသားရေ လက်အိတ်‌တွေက မြို့ပေါ်ရှိသခင်လေးတွေကြားမှာ လိုချင်မှုအများဆုံး ပစ္စည်းဖြစ်လာသည် ။ ထိုအရာက ချမ်းသာကြွယ်ဝတဲ့ အဆင့်အတန်းပြ သင်္ကေတတောင် ဖြစ်လာသည် ။

လူတချို့က မြေခွေးသားရေ လက်အိတ်မရတာကြောင့်ယုန်သားရေ လက်အိတ်ကိုသာ ယူထားကြရသည် ။ သူတို့က မြေခွေးသားရေကို ဝယ်ကာ အပ်ချုပ်ဆိုင်များတွင် လက်အိတ်များ ချုပ်ရန်အပ်ကြသည် ။

မြို့ပေါ်ရှိ သားရေဈေးကွက်ကပါ ခေတ်စားသွားသည် ။

လက်အိတ်တွေက မကြာခင်မှာပဲ ဆန်းကြယ်‌နေခြင်း မရှိတော့ပေ ။ ချမ်းသာတဲ့သခင်လေးတွေက မြေခွေးသားမွှေး ကြိုက်သလို သာမန်လူတန်းစားတွေကတော့ ယုန်သားမွှေးကို ကြိုက်ကြသည် ။ လူများစွာက ဈေးတန်းမှာ ဆိုင်ခန်း‌တွေငှားရမ်းပြီး လက်အိတ်များကို ကိုယ်တိုင်ချုပ်လုပ်ရောင်းချကြတော့သည် ။

ချန်းရှောင်မီ ထိုနေ့က မသွားဖြစ်သော်လည်း ကျောက်ကြီးရွာက ရွာသားတွေပါ မြို့ပေါ်မှာလက်အိတ်ရောင်းပြီး ကြိုးစားနေကြကြောင်းကို တစ်ချက်နှစ်ချက် ကြားမိသည် ။ မည်သူမျှ အကျိုးမဖြစ်ထွန်းကြောင်းကိုလည်း ကြားရသည် ။ ချန်းရှောင်မီ ရွာသားတွေရဲ့ရှုံးနိမ့်မှုအပေါ် ကျေနပ်နေသည် ။

" လုလင်း အခုလက်အိတ်ဈေးတွေ ကျနေတဲ့အကြောင်း မင်းသိပြီးပြီလား ။ "

ပွဲတော်မှာ ချန်းရှောင်မီတို့ ကံကောင်းခဲ့ကြကြောင်းကို ကြားပြီးတဲ့နောက် ရွာသားအများစုက ပုံစံတူတွေလုပ်လာကြသည် ။ သား‌မွှေးတွေကို အလုအယက်ဝယ်ကြပြီးနောက် ထိုအခြင်းအရာကြောင့် သားမွှေးဈေးတက်သွားပြီး ကုန်ကျစရိတ်လည်း မြင့်မားသွားသည်။ နောက်ကျမှလာသူ‌တွေအများစုတောင် အရှုံးပေါ်ကြသည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Tempat cerita menjadi hidup. Temukan sekarang