chapter -52-[တောင်ပေါ်က လူများ]

1.5K 212 0
                                    

chapter -52-[တောင်ပေါ်က လူများ]

ချန်းရှောင်မီ၏ အိမ်တွင် -

ချန်းရှောင်ခိုင်က ချန်းရှောင်မီကို စကားပြောနေချိန်မှာ သူ့အစားအစာကို မြုံထားတာဖြစ်သည် ။

" လင်းကောကော ၊ အဖိုးလုက လယ်ယာမြေ နှစ်မူကိုရောင်းဖို့ စီစဉ်နေတယ်လို့ ကြားတယ် ။ "

" လယ်ယာမြေ ရောင်းမယ် ။ ငါ့အထင်တော့ အဖိုးလုက အနာဂတ်မှာ ပညာရှင်နဲ့ အရာရှိဖြစ်လာမဲ့ လုချောင်ယုအတွက် ဘာမဆိုလုပ်ပေးဖို့ ဆန္ဒရှိတဲ့ပုံပဲ ။ "

လုလင်းရဲ့ အသံက ထေ့ငေါ့ပြောဆိုနေဟန်ပင် ။

" လယ်ယာမြေ ရောင်းမယ် ။ "

ချန်းရှောင်မီ ထိုစကားကိုကြားတဲ့အခါ အံ့အားသင့်သွားပြီး သူ့မျက်စေ့ကိုရွေ့ကာ တွေးနေမိသည် ။

ချန်းရှောင်မီက လုတွေဆီက လယ်ယာမြေဝယ်ဖို့ တွေးနေကြောင်း လုလင်း မှန်းဆနိုင်သည် ။

လုလင်းလည်း လယ်မြေဝယ်ဖို့တွေးမိပေမယ့် လုတွေဆီကဝယ်ဖို့တော့ လုံးဝစိတ်မဝင်စားပေ ။ လုလင်းက လုတွေရဲ့ ဇာတ်လမ်းထဲပါဝင်ပတ်သတ်ရမည်ကို မလိုချင်ပေ ။

" လုချောင်ယုရဲ့ လက်ထပ်ပွဲအခမ်းအနားအတွက် လုတွေက ဘယ်လောက်တောင် သုံးစွဲထားတာလဲ ။ "

ချန်းရှောင်မီ မေးလိုက်သည် ။ ငွေအတွက် လယ်ယာမြေတွေထုတ်ရောင်းနေရတဲ့အထိဖြစ်နေတာကို နားမလည်နိုင်ပေ ။

လုလင်း ခဏလောက် စဉ်းစားပြီးပြောလိုက်သည် ။

" အနည်းဆုံး ငွေပြား ၄၀ ၊ ၅၀ လောက်တောင် ရှိလိမ့်မယ် ။ သူတို့ကငွေအတွက်နဲ့ လယ်ယာမြေကို ရောင်းဖို့ မစီစဉ်ထားရသေးတာတောင်ပေါ့ ။ "

ချန်းရှောင်ခိုင် အံ့အားသင့်စွာ ခေါင်းမော့ကြည့်မိသည် ။

" ငွေပြား ၄၀ ၊ ၅၀ တောင်လား ... "

ဆင်းရဲမှုတွေနဲ့ ကြီးပြင်းလာတဲ့ ချန်းရှောင်ခိုင်အတွက်တော့ ထိုပမာဏက အလွန်ကြီးမားသည် ။ သူတို့တွေ ကံကောင်းလာကြရင်တောင် အတိတ်ကအရိပ်မဲတွေကိုတော့ သိမ်းထားတုန်းပင် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now