chapter -54-[လုချောင်ယုရဲ့မင်္ဂလာပွဲအခမ်းအနား]

1.5K 229 0
                                    

chapter -54-[လုချောင်ယုရဲ့မင်္ဂလာပွဲအခမ်းအနား]

လုလင်းနဲ့ချန်းရှောင်မီတို့နှစ်ယောက်စလုံးက နေထိုင်ရာ‌နေရာ(ဂေဟာ)အကျယ်အဝန်းနဲ့ စီးပွားဖြစ် အိမ်ရာမြေအကြီးကြီးပေါ်မှာ နှစ်သက်နေကြတာကြောင့် ‌စိတ်လှုပ်ရှားစွာနဲ့ ငွေပေးချေလိုက်ကြသည် ။ အိမ်ပိုင်ရှင်က သူတို့တွေဘယ်လောက်တောင် သဘောကျနေကြမှန်း သတိထားမိကာ သူနဲ့ သူ့မိသားစုတွေ ပြောင်းရွေ့ကြဖို့ အမြန်လုပ်ကြသည် ။ ထို့ကြောင့် သူက ပရိဘောဂပစ္စည်းတွေနဲ့ အသုံးအဆောင် တချို့ကို ထိုလူငယ်နှစ်ယောက်အတွက် ချန်ထားပေးခဲ့ရန် ဆုံးဖြတ်လိုက်သည် ။

ချန်းရှောင်မီက ခြံဝန်းပတ်လည်မှာ လှည့်လည်လျှောက်သွားနေပြီး ပျော်ရွှင်စွာနဲ့ လုလင်းအားပြောလိုက်သည် ။

" မယုံကြည်နိုင်စရာကောင်းလိုက်တာ ။ လုလင်း ဒီခြံက ဘယ်လောက်ကျယ်လဲ ကြည့်ဦး "

လုလင်းက ချန်းရှောင်မီရဲ့ ချစ်စဖွယ်အပြုအမူအပေါ် ပြုံးမိလိုက်သည် ။ လူချမ်းသာမိသားစုတွေရဲ့ စံနှုန်းအရတော့ ဒီခြံဝန်းက ထူးထူးခြားခြားကြီးမားနေတာမျိုးမဟုတ်ပေ ။ ထိုအရာကြောင့်လည်း ဒီခြံဝင်းက ဈေးကွက်မှာ အချိန်အ‌တော်ကြာရှိနေခဲ့တဲ့အကြောင်းပြချက် တစ်ခု ဖြစ်သည်။ ချမ်းသာတဲ့မိသားစုတွေအားလုံးက သူတို့မိသားစုကြီးအတွက် ဒီနေရာက လုံလောက်အောင် မကျယ်ဝန်းဘူးဟု ပြောကြသည် ။

ဥပမာ အားဖြင့် ရန်းကောင်စီဝင် ဆိုရင် သူတို့ရဲ့အိမ်ယာဝင်းထဲမှာ မိသားစုလေးဆက်လောက် နေထိုင်တာဖြစ်သည်။ သူ့မိဘတွေ ၊ ဇနီးမယား ၊ ကိုယ်လုပ်တော်များ ၊ သားသမီးနှင့် မြေးများ နေထိုင်သည် ။ ထို့ကြောင့် သူနဲ့ သူ့မိသားစု(ရန်းကောင်စီဝင်) အတွက်ဆို ဒီနေရာက သေးငယ်သည် ။ သို့သော် လုလင်းနဲ့ ချန်းရှောင်မီတို့ အတွက်တော့ ဒီမိသားစုမှာ လေးယောက်သာရှိတာမို့ လုံလောက်တာထက် ပိုကျယ်ဝန်းပေသည် ။

ချန်းရှောင်မီက သူတို့အတွက် အရင်အိမ်ပိုင်ရှင်ထားခဲ့တဲ့ အသုံးအဆောင်ပစ္စည်းတွေကို သွားပြီးစစ်ဆေးကြည့်နေသည် ။ ရက်ထည်အချို့ ၊ ဆီနဲ့ဂျုံ အချို့ရှိနေကာ ချန်းရှောင်မီ လျင်မြန်စွာတွက်ချက်ကြည့်လိုက်တဲ့အခါ ငွေ ၁၁ ပြားထက်ပိုတဲ့အသုံးအဆောင်တွေထားခဲ့မှန်း ရှာတွေ့သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now