chapter -61-[ဂုဏ်ပြုထမင်းဝိုင်းကို တက်ရောက်ခြင်း]

1.7K 237 7
                                    

chapter -61-[ဂုဏ်ပြုထမင်းဝိုင်းကို တက်ရောက်ခြင်း]

လတ်တလော အဖွားလုက ပိုပိုပြီး ကပ်စီးကုပ်လာသည် ။ လင်းရှို့ယာက ‌လုထုန် နဲ့ သူမယောက်ျား အသားတချို့ယူလာဖို့ မျှော်လင့်နေတာဖြစ်သည်။  သို့ပေမယ့် လုထုန်က အိမ်ကို လက်ဗလာနဲ့ ပြန်ရောက်လာသည် ။

လုထုန် အိမ်ကိုတစ်ယောက်တည်းပြန်လာတဲ့အကြောင်း ရွာသားတွေက ကျယ်ကျယ်ပြန့်ပြန့် ပြောလာကြသည် ။

" ထုန်လေးက အိမ်ကိုတစ်ယောက်တည်းပြန်လာတယ် ။ "

" သူမက မိထွေးတစ်ယောက်အဖြစ်နဲ့ ခက်ခဲနေတုန်းပဲလို့ ‌လူတွေက ပြောကြတယ် ။ ထောင်က အကြင်နာမဲ့လိုက်တာ ၊ အဲ့လိုမိသားစုမျိုးထဲကို ငွေအတွက်နဲ့ ထည့်လိုက်ရတယ်လို့ ။ "

လုမိသားစုကို သူတို့နဲ့လက်ထပ်ရန် တစ်ကြိမ်မေးဖူးတဲ့အဖွားက ပြောလေသည် ။ ထိုအချိန်က ထောင်ဟာ အဖွားအိုရဲ့မိသားစုက အလွန်ဆင်းရဲတာကြောင့် မနှစ်သက်ပဲ ချက်ချင်း ငြင်းလိုက်သည် ။ နောက်ပိုင်းတော့ လုမိသားစုက သူတို့သမီးကို မိထွေးတစ်ယောက်လိုအပ်နေတဲ့ မိသားစုထဲ  ထည့်ပေးလိုက်သည် ။ ထို့ကြောင့်အဖွားက ထောင့်ကို ပြန်လည် ထေ့ငေါ့နေတာဖြစ်သည် ။

" ထုန်လေး သူ့မိဘတွေဆီပြန်လာတာ ဘာမှပါမလာဘူးလို့ ကြားတယ် ။ "

" ထောင်က ငွေပြားနှစ်ဆယ်ယူထားပေမယ့်သူ့သမီးအတွက် ခန်းဝင်ပစ္စည်းကို ဘာမှထည့်မပေးလိုက်ဘူးလို့ ကြားတယ် ။ "

" လုမိသားစုမှာ မကြာခင်ကပဲ ငြင်းခုန်‌မှုတွေအများကြီးဖြစ်နေတာ သတိထားမိလား ။ "

" လုချောင်ယုက ဂုဏ်သရေရှိတဲ့ အမျိုးသမီးကိုလက်ထပ်ခဲ့တာမဟုတ်ဘူးလား ။ အရာရှိအိမ်က အမျိုးသမီးတွေက မြင့်မြင့်မားမား ထောက်ပံ့ကြတယ် ။ "

" ငါ့ရဲ့သား အရင်ရက်တုန်းက မြို့ပေါ်မှာအလုပ်သွားရှာသေးတယ် ။ သူက လီဖုန်းယွီရဲ့အစ်ကို လီဟုန့်ကို တွေ့ခဲ့တယ်လေ ။ အဲ့ဒီလူက သူ့သူငယ်ချင်းတွေနဲ့ စားသောက်ဆိုင်ကို လာကြတာ ။ သူက လုချောင်ယုအပေါ် အလေးမထားပုံပဲ ။ "

" မှန်ကန်တဲ့ ဇနီးမယားကို လက်ထပ်ဖို့အရေးကြီးတယ် ။ သတို့သမီးနဲ့ သတို့သားရဲ့ လူနေမှုအဆင့်အတန်းကလည်း ညီမျှနေသင့်တယ် ။ မင်းနဲ့အတူ အမြင်တွေမျှဝေပေးနိုင်မယ့် တစ်စုံတစ်ယောက်ကို လက်ထပ်မိဖို့ အရမ်းအရေးကြီးတယ် ။ အလုပ်ကြိုးစားချင်စိတ်မရှိတဲ့ အမျိုးသမီးကို လက်ထပ်လို့မရဘူး ။"

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now