chapter -37-[ငါ့ဂုဏ်သိက္ခာကို ဂရုစိုက်မနေဘူး]

2.8K 363 2
                                    

~ငါ့ဂုဏ်သိက္ခာကို ဂရုစိုက်မနေဘူး~

ရတနာစာအုပ်ပါဝင်တဲ့ ချန်းရှောင်မီရဲ့ စိတ်ကူးယဉ် ဇာတ်လမ်းက ရွာမှာ ပျံ့နှံ့သွားခဲ့သည် ။

အဖွားချန်းလည်း ထိုဇာတ်လမ်းကိုကြားရတဲ့အချိန်မှာ ချက်ချင်းစိတ်ဝင်စားသွားသည် ။

" ချန်းရှောင်မီက တောင်ပေါ်မှာ ရတနာတချို့တွေ့ခဲ့တယ်တဲ့လား ။ ငါတို့ကံတရားလည်း ကောင်းနိုင်တာမို့ ငါတို့ဘာကြောင့်များမစမ်းကြည့်ရမှာလဲ ။ "

အဖွားချန်းပြောတာကြားလိုက်ရတဲ့အချိန်မှာ ချန်းရှိုရှီးရဲ့ နှလုံးခုန်သံ ဆောင့်တက်သွားသည် ။

" အမေ ၊ ကျွန်တော့်ကိုတော့ တောင်ပေါ်မတက်ခိုင်းပါနဲ့ ။ ဒုတိယ ဘယ်လိုသေသွားလဲဆိုတာ မေ့နေပြီလား ။ သူက တောင်ပေါ်ကို စွန့်စားသွားလို့ သေသွားရတာ ။ "

" အမေ သေချာစဉ်းစားကြည့်ပါဦး ။ ချန်းရှောင်မီက လူထူးဆန်းမို့လို့သာ တောင်ပေါ်မှာ အသက်ရှင်နိုင်တာ ။ "

အဖွားချန်းက ခေါင်းခါယမ်းပြီး သဘောမတူစွာဖြင့် -

" သူက ကောတစ်ယောက်ပဲလေ ။ "

" အမေ ၊ အဲ့ဒီအကြောင်းနဲ့ပတ်သတ်ရင် အစ်ကိုကြီးပြောတာ မှန်တယ် ။ ချန်းရှောင်မီက ရတနာတွေအတွက် တစ်တောင်လုံးကို ရှာဖွေတာဖြစ်ရမယ် ။ "

ချန်းရှိုရန်က သူ့ကိုယ်ပိုင်လုံခြုံမှုအတွက် စိုးရွံ့လာတာမို့ စကားဝိုင်းထဲ ဝင်ပြောလာသည် ။

ချန်းရှိုရန်နဲ့ ချန်းရှိုရှီးက တစ်ယောက်ကို တစ်ယောက် အထင်မြင်သေးကြပေမယ့် တကယ်တမ်းတော့ အတွေးအမြင်ခြင်းတူကြသည် ။

" အဲ့ဒီနေရာမှာ တစ်ခုခုကျန်ရှိနေဦးမယ်လို့ ငါထင်နေတယ် ။ "

အဖိုးချန်းက အသံမာမာဖြင့် ဝင်ပြောသည် ။

" မင်းရဲ့ အရူးစကားတွေပြောလို့ပြီးပြီလား
။ သားတစ်ယောက်ဆုံးရှုံးထားရတာတောင် မလုံလောက်သေးဘူးလား ။ "

အဖိုးချန်းက သူ့ရဲ့ဒုတိယသားသေဆုံးမှုအပေါ် အပြစ်ရှိသလို ခံစားရသည် ။ သူက တစ်ခါတစ်ရံမှသာ သားဖြစ်သူရဲ့စွန့်စားရမယ့် လုပ်ရပ်ကို သဘောတူခဲ့တာဖြစ်သည် ။

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now