chapter -59-[လက်ကိုင်အိတ်များ]

1.6K 242 6
                                    

chapter -59-[လက်ကိုင်အိတ်များ]

မျက်တောင်တစ်ခတ်အတွင်း အချိန်တွေကုန်ဆုံးသွားသည် ။ လုချောင်ယုနဲ့ လီဖုန်းယွီတို့ လက်ထပ်ပြီးတာ တစ်လနီးပါးလောက်ရှိပြီဖြစ်သည် ။ ဒီလအတွင်း လုမိသားစုမှာ ဝရုန်းသုန်းကား အခြေအနေများစွာ ဖြစ်ပျက်ခဲ့သည် ။

လင်းရှို့ယာက ထောင်ကို ကြည့်ကာ ပြောလိုက်သည် ။

" မနက်ဖြန် ရိုးရာဓလေ့အရ သတို့သမီးကို သူ့ရဲ့အရင်မိသားစုဆီ ပြန်ပို့ပေးရမယ့် နေ့မလား ။ "

ထောင်က ခေါင်းညိတ်လိုက်သည် ။

" ဟုတ်တယ် ။ "

ထောင်က လီဖုန်းယွီကို အလွန်မကျေမနပ်ဖြစ်နေသော်လည်း သတို့သမီးရဲ့အရင်မိသားစုဆီပြန်ပို့ဖို့ တန်ဖိုးထားနေဆဲဖြစ်သည် ။

လင်းရှို့ယာက စပ်စုစွာမေးလိုက်သည် ။

" သူမ လီမိသားစုဆီ ပြန်သွားတဲ့အခါ အထွေထွေအတွင်းရေးမှူးကို တွေ့ရနိုင်လား ။ "
ထောင်က အံကြိတ်ကာ ပြောလိုက်သည် ။

" ထင်တာပဲ ။ "

ထောင်က လီဖုန်းယွီကို အလွန်မကျေနပ်ပေမယ့် သတို့သမီးရဲ့ အရင်မိသားစုဆီ ပြန်သွားတဲ့အခါ လီဖုန်းယွီက အထွေထွေအတွင်းရေးမှုးနဲ့ ဘယ်လိုတွေ တွေ့ဆုံကြမလဲဆိုတာ စဉ်းစားရင်း သူမကိုယ်တိုင်ပဲ အပြန်မေတ္တာလက်ဆောင် စီစဉ်ပေးလိုက်တာ ဖြစ်သည် ။

" သူ့ကို အသားတွေအများကြီး ပြင်ဆင်ပေးလိုက်တာပဲ ။ "

လင်းရှို့ယာဒေါသူပုန် ထလာသည် ။

မိသားစုအတွင်း လုချောင်ယုရဲ့ လက်ထပ်မှုကြောင့် အများကြီး ခံစားခဲ့ရသည် ။ နေ့ရက်တွေတိုင်းမှာ အသားမပါ ၊ ငါးမပါ ဖြတ်သန်းရသည် ။ လင်းရှို့ယာ ခမျာ ထိုအဖြစ်အပျက်ကြောင့် သုန်မှုန်နေရသည် ။ အဖွားလုက ပိုပိုပြီးတွန့်တိုလာကာ ကြက်ဥတွေအားလုံးကို ငွေအဖြစ် ပြောင်းလဲလိုက်သည် ။ ထောင်က လီဖုန်းယွီအတွက် ပစ္စည်းတွေအများကြီး ပြင်ဆင်ပေးတာကို တွေ့ရတဲ့အခါ လင်းရှို့ယာ စိတ်တိုလာမိသည် ။

လင်းရှို့ယာ သူမဘာသာ တွေးလိုက်သည် ။

" အဖွားကြီးက အရမ်းဘက်လိုက်တာပဲ ။ လတ်တလော မိသားစုထဲမှာ သုံးစွဲမှုအကုန်လုံးကို လိုက်တွက်ချက် စီစစ်နေပေမယ့် လုချောင်ယုရဲ့မိန်းမအတွက် ပစ္စည်းတွေ အများကြီးပြင်ဆင်ပေးလိုက်ဖို့တော့ ခွင့်ပြုပေးလိုက်တယ် ။ "

ကုန်စုံဆိုင်နဲ့အတူ ရှေးခေတ်သို့ကူးပြောင်းခြင်း(MMtran)Where stories live. Discover now